Chapter 6
Minနဲ့ Songဘာမှ မပြောဘဲ ခုံတန်းရှည်ပေါ်မှာ ထိုင်နေကြ၏...အနောက်က အမှီပါတော့ နှစ်ယောက်လုံး မြစ်ရဲ့ ရေပြင်နဲ့ အဝေးက မြို့ ကို ငေးကြည့်နေကြသည်။ Minလဲ ပင်ပန်းနေပြီမို့ မြှေးကထဲဖြစ်သွားသည်။
ဒီမိန်းကလေး အိပ်နေတာတောင် ချစ်ဖို့ကောင်းလိုက်ဟု songပခုံးပေါ်မှီပြီး အိပ်ပျော်နေသော် Minကို ကြည့်၍ တွေးတောနေမိသည်။ ချစ်ဖို့လဲကောင်း စွာကစွာသေးတယ်။ သူမဘာလို့ ငါခေါ်တာ ကို ဘာမှ မငြူးငြူဘဲ လိုက်လာရတာလဲ ။ ငါ့ကိုကြောက်လို့လား...ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ငါက သူမရဲ့သူဌေးဆိုတော့ အလုပ်ဖြုတ်မှာကြောက်လို့လား ငါဘဲ အတင်းအကျပ်လုပ်လို့ မသက်သာတဲ့ အဆုံးလက်ခံလိုက်တာလား။ ဘာဘဲဖြစ်ဖြစ် သူမကို သော့ခတ်သိမ်းထားချင်လိုက်တာ စတွေ့ထဲက တွေးခဲ့တာ သူမမျက်လုံးတွေနဲ့ စစဆုံထဲကပေါ့
Song အချိန်အတော်ကြာ အတွေးထဲနစ်ရင်း အိတ်ကပ်ထဲမှ ဖုန်းမြည်သံကြားလိုက်ရ၍ ထုတ်ကြည့်လိုက်စဉ် kan ဆီက...
"ဟယ်လို ပြော အရေးမကြီးရ်ု ဒီနေ့ည ဖုန်းမဆက်ပါနဲ့လို့ ငါပြောခဲ့တယ်လေ "
"တောင်းပန်ပါတယ် ဆရာ ပြဿနာ နည်းနည်းတက်နေလို့ပါ"
"ဘာကိစ္စလဲ"
"ဒီနေ့လမ်းမှာ ကုန်တင်ကားတွေအကုန် အဖမ်းခံလိုက်ရတယ်Boss"
"မင်းကိုငါသေချာ မှာတယ်မလား ဒီတစ်ခေါက်က အရေးကြီးပါတယ်လို့"
"မောင်းတဲ့ လူနှစ်ယောက်လဲ အဖမ်းခံလိုက်ရတယ်boss"
"ငါသိပြီ...မင်းကျန်တဲ့ ကိစ္စတွေရှင်းထားလိုက် ငါတို့ဆီ အမှုမပတ်စေနဲ့"
"ဟုတ်ကဲ့boss"
ဆူညံ့သံကြားတော့ Minနိုးလာခဲ့တယ်...ဒါပေမဲ့ မထဘဲ မျက်လုံးမှိတ်ပြီး စကားပြောသံတွေကို နားထောင်နေလိုက်တယ် ...ကြည့်ရတာ သူ တော်တော် ဒေါသထွက်နေတဲ့ ပုံဘဲ... သူဖုန်းချပြီးတော်တော်ကြာကြာMin ဆက်ပြီး မှေးနေလိုက်သေးတယ်... သူက Minရဲ့ ဆံပင်လေးကိုဖွဖွလေး သက်ပေးပြီး Minနှုတ်ခမ်းလေးကိုလဲ ဖွဖွလေး ခဏခဏ နမ်းသေးတယ် Minနှလုံးခုန်သံတွေ သူမကြားလောက်ပါဘူးနော်...သူက Minရဲ့ ပခုံးကို ဖက်ထားသေးတယ်...သူ့ရင်ခွင်က အရမ်းနွေးထွေးတာဘဲ ...
ESTÁS LEYENDO
My Secret (မြို့တော်ဝန်နဲ့သတင်းထောက်မလေး) Completed
AventuraYukiရဲ့ စိတ်ကူးယဉ်ရေးသား ခြင်းသာဖြစ်တဲ့အတွက်ဘယ်သူတစ်ဦးတစ်ယောက်၊အဖွဲ့အစည်းကိုမှနစ်နာစော်ကားလိုခြင်းမရှိပါ။ #Normal, #BL Rating 21+ Completed