chapter 8 (uni+zawgyi)

1K 11 2
                                    

Chapter 8

အားကစားကွင်းမှာ Bossက ကျွန်တော့်ကိုစိုက်ကြည့်နေ၏။ Kanလဲခေါင်းငုံထားကာ bossဘာပြောမလဲ စောင့်နေလျက်။

"Kan ငါအများကြီးတော့ မင်းကိုမလုပ်ခိုင်းပါဘူး ။ အားကစားကွင်းလို့ပြောတာနဲ့ မင်းစိတ်အေးသွားတယ်မလား။

"ကျွန်တော်အဆင်သင့်ပါဘဲ Boss"

"Ok ကွင်းကို အပတ်တစ်ရာ ပတ်!"

ကျွန်တော််bossကို ဦးညွန့်၍ အပြစ်ပေးခံရခြင်းကိုစတင်တော့သည်။ကျွန်တော်ဘဝမှာ bossကြောင့်တာမဟုတ်ရင် လမ်းဘေးမှာသေနေလောက်ပြီ။ ဒီအပြစ်ပးခြင်းက boss ကျွန်တော်ကို ညှာတာထားတာ ကျွန်တော်သိတာပေါ့

Flashback---

Kan၁၀နှစ်သားအရွယ်မှာ အမေက ‌ကျွန်တော်နဲ့အဖေကိုထားသွားခဲ့တယ်။ အဲထဲက အမေကိုထပ်ပြီးမတွေ့ရတော့တာဘဲ။ အဖေကတော့‌ လောင်းကစားစွဲနေတဲ့လူပါ။ လောင်းကစားအကြွေးထဲနစ်‌ နေတဲ့လူ‌ ပေါ့။ ကျွန်တော် က စာလဲသိပ်မ‌ တော်ပါဘူး။ ကျွန်တော်တို့မှာအိမ်ဆိုင်လေးဖွင့်ထားပါတယ်။ကျောင်းက‌ပြန်ရင် ကျွန်တော်က ဆိုင်စောင့်ပါတယ် ။အဖေကတော့ သူ့ရဲ့ထုံးစံအတိုင်းပေါ့ လောင်းက‌စားရုံကို သွားတာ်။ ကျွန်တော် အသက် ၁၅‌ လောက်မှာ တစ်နေ့ အဖေရဲ့ လောင်းကစားအကြွေးတွေကို လာတောင်းတဲ့ လူက ကျွန်တော့ကို အဖေဆီက တောင်းပါတယ်။ လောင်းကစားအကြွေးတွေကို ကျွန်တော်က သူတို့ဆီမှာ အလုပ်လုပ်ပြီးဆက်ပေးဖို့ပေါ့။ စစတော့ အဖေလဲ သေချာ‌စဉ်းစားနေပေမဲ့ ကျွန်တော့်ကိုမပေးရင် အိမ်ကို သိမ်းမယ်ဆိုပါတယ်။ အိမ်ကိုသိမ်းလိုက်ရင် ကျွန်တော် တို့လမ်းဘေးရောက်ပြီမလား? ဆိုတော့ ကျွန်တော် သွားဖို့ဆုံးဖြတ်လိုက်ပါတယ် ။

Kan အကြွေးနဲ့ အသိမ်းခံရပြီး Rockဆိုတဲ့ အသက်40အရွယ် လူကြီးဆီမှာ အလုပ်လုပ်ရပါတယ် ။ အလုပ်ကတော့ အခြားမဟုတ်ပါဘူး ။ အကြွေးတောင်းတဲ့အလုပ်ပါ။ အခြားသူတွေအမြင်တော့လူမိုက်တွေပေါ့။ Kanက ငယ်ငယ် လေး သေး‌သေးကွေးကွေးလေး ဆိုတော့ တစ်ခါတစ်‌လေ အဲလူကြီးရဲ့ အခြားတပည့်တွေက ထိုးနက်တယ်။ တစ်ခါတစ်လေ အကြွေးယူထားတဲ့လူတွေကို ရိုက်ခိုင်းပေမဲ့ ကိုယ်က စိတ်နုတော့ မလုပ်ချင်ဘူးလေ။ အဲတာနဲ့ သူဌေးကို ပြန်‌တိုင်တော့ သူဌေက ကျွန်တော့် ကို သူ့အနားမှာဘဲ ခေါ်ထားတော့ တယ် ။ သူဌေးအိမ်မှာ နေခိုင်းတာက စတာပေါ့ ပြသနာက ။

My Secret (မြို့တော်ဝန်နဲ့သတင်းထောက်မလေး) Completed Où les histoires vivent. Découvrez maintenant