Chapter 16
"လာမရှုပ်နဲ့!"
"မင်းဘာလို့စကားမပြောတာလဲ ဘာဖြစ်နေတာလဲ အော်....သိပြီ..မင်းအကြွေးပေးရမှာမို့ ပညာသားပါပါ မောင်းထုတ်နေတာမလား"
Kan:"အကြွေး ငါပေးပြီးလေ"
"၅သိန်းဘဲပေးရသေးတာလေ နောက်ငါးသိန်းကရော"
Kan:"ဒီမှာ ဦးRungခင်ဗျားကို ပေးမယ်လို့ပြောပြီးလေ ဘာလို့ ဒီအထိလိုက်တောင်းနေရတာလဲ"
RUNG:"ငါကအကြွေးမပေးချင်လို့ ထွက်ပြေးနေတယ်ထင်တာ... ဒါပေမဲ့ ငါ့လက်ကနေမင်းမလွတ်ပါဘူး ဝါး..ဟား...ဟား"
Kan:"...."
Kan:"ခင်ဗျား ဘာတွေလာဆော့နေတာလဲ"
Rung:"clubကိုမင်းတစ်ယောက်ထဲလာတာလား ...အရင်တစ်ခါလို မင်းဆေးလာချတာမလား မှန်မှန်ပြော"
Kan:"ကျွန်တော် ခင်ဗျားနဲ့ဆော့ချင်စိတ်မရှိဘူး တစ်ယောက်ထဲနေပါရစေ တောင်းပန်တယ် ok?"
Rung:"အိမ်ပြန်မယ်ဆို ငါလိုက်ပို့ပေးမယ်"
Kanခဏငြိမ်သွားပြီး ထိုလူကို အကဲခတ်၍ စိုက်ကြည့်နေ၏... ထိုနောက် လက်ခံပြီး ကားပေါ်သို့....
Rung:"လိပ်စာပြောလေ"
GPSပေါ် လိပ်စာရိုက်ပေးလိုက်သည် ...
ကားပေါ်တွင် ဘာမှမပြောဘဲ တိတ်ဆိတ်နေ၏...kanအပြင်ဘက်ရှုခင်းတွေကို ကြည့်ပြီး တွေးတောနေမိသည်...ငါဘယ်လိုဆက်လုပ်ရမလဲ ...အဲလူကြီးလက်က လွတ်မြောက်အောင်...
Kan:"ခင်ဗျားယောင်္ကျားလေးနဲ့ အတူတူ အိပါဖူးလား"
Rung:"ဟမ်း..အမ်း...မအိပ်ဖူးဘူး ...ဘာလို့လဲ"
Kan:"မိန်းကလေးနဲ့ရော?"
Rung:" မင်းရောနေဖူးလား"
Kan:" ... ကျွန်တော် ဒီညခင်ဗျားနဲ့အိပ်လို့ရမလား"
Rung:"ဘယ်လို...ဟား..ဟား..မင်းကတော့လေ ရုပ်တည်နဲ့ ..မင်းပြောတော့ငါနဲ့မကစားချင်ဘူးဆိုပြီး"
Kan:"ကျွန်တော်အတည်ပြောနေတာ ...ဒီညအတူတူနေပေးပါလား"
ခဏအကြာ အိမ်သို့ရောက်လာသည်...kanကားတံခါးဖွင့်လိုက်ပြီး ပြန်မဖြေတဲ့ လူကြောင့်နေရခက်နေ၏... တံခါးကိုပြန်ပိတ်ပြီး ထိုလူ့ပါးကိုဖွဖွလေးနမ်းလိုက်သည်...
VOCÊ ESTÁ LENDO
My Secret (မြို့တော်ဝန်နဲ့သတင်းထောက်မလေး) Completed
AventuraYukiရဲ့ စိတ်ကူးယဉ်ရေးသား ခြင်းသာဖြစ်တဲ့အတွက်ဘယ်သူတစ်ဦးတစ်ယောက်၊အဖွဲ့အစည်းကိုမှနစ်နာစော်ကားလိုခြင်းမရှိပါ။ #Normal, #BL Rating 21+ Completed