[[ Unicode ]]
လူပျိုကြီးရဲ့ဖူးစာဖက်
____________________ပန်းသီးကို အခွံခွာနေရင်းနဲ့ပဲ ခုံပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်နေသော ကောင်ငယ်လေးကို ရှောင်းကျန့် လှမ်းကြည့်လိုက်တယ်..။ သူ့အင်္ကျီနဲ့ Style pant တို့ကို ဝတ်ဆင်ထားတာမို့ အနည်းငယ်ကြီးကာ လူကအထဲတွင် အဆံချောင်နေသည်..။ ဥပမာပြရရင် ကမ်းခြေမှာ တွေ့ရများတဲ့ ဝင်ကစွပ်လေးတွေလိုပဲ..။ ဒါပေမဲ့ တစ်မျိုးလေးတော့ ချစ်ဖို့ကောင်းနေပြန်တယ်..။ ပန်းသီးပန်းကန်ကို ကမ်းပေးလိုက်တော့ ကိုယ့်ကို မျက်လုံးရွဲကြီးများနှင့် ကြည့်လာတာကြောင့်..
" စားလေ ဘာတွေ လိုက်ကြည့်နေတာလဲ? "
" အဲ.."
ရိပေါ်က ငြင်းဆန်ခြင်းမပြု ပန်းသီးတစ်စိတ်ကို ပါးစပ်ထဲ သွပ်သွင်းလိုက်ပြီး အလောတကြီး မြိုချလိုက်ကာ..
"ကောင်းတယ် "
" ဖြေးဖြေးစား နင်နေအုံးမယ် "
"အင်းး အင်းး"
ပန်းသီးတွေလည်း ဖြုတ်ခနဲ..။
စပျစ်သီးတွေလည်း ဖြုတ်ခနဲ..။
အသင့်စား ထမင်းဗူးတောင် အဆစ်ပါသွားသေးတယ်..။ လူကောင်သေးသလောက် စားချက်က 9+ကို ကျော်နေပြီ..။"အေ့.."
လေချဥ်တတ်ပြီး ရိပေါ်က ရှက်သွားဟန်နှင့် ကိုယ့်ပါးစပ်ကိုပိတ်ကာ..
" စားကောင်းလိုက်တာ "
ရှောင်းကျန့်မှာတော့ ထိုကောင်လေးကို အံ့ဩဘနန်း ကြည့်နေမိပြီး မေးချင်သောမေးခွန်းများကလည်း ပို ပို၍ များလာလေသည်..။စစချင်း မေးဖြစ်တာက..
" မင်းနာမည်ဘယ်လိုခေါ်လဲ? "
"ရိပေါ်...ဝမ်ရိပေါ် "
အင်းး နာမည်ကို သိသေးတယ် ဆိုတော့ အခြေအနေ မဆိုးသေးဘူးပဲ..။ ရှောင်းကျန့်မှာ ထိုသို့အကြမ်းဖျင်း ကောက်ချက် ချလိုက်ပြီး..
" ဘယ်မှာနေတာလဲ? "
"ရေအောက်..မဟုတ်ဘူး ဟို..ဟို.."
လက်ညှိုးကို အောက်ဘက်ကို ထိုးပြနေရာမှ အပေါ်ဘက်ကို ထောင်တတ် သွားတာမို့ ရှောင်းကျန့်မှာ လက်ညှိုးညွှန်ရာကို လိုက်ကြည့်ရင်း..
YOU ARE READING
" လူပျိုကြီး ရဲ့ ဖူးစာဖက် "[ Completed ]✔
Fantasy// ZhanYi // ကျွန်းငယ်လေး တစ်ခုပေါ်မှ ကြည်နူးဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ် Xiao Zhan [ Seme ] Wang Yibo[ Uke ] စိတ်ကူးယဥ် Fan fic တစ်ခုမျှသာ ။ Ownstory စနေမိုးဆွေ