Part (9)🔞

2.5K 208 32
                                    

/ Unicode /

လူပျိုကြီးရဲ့ဖူးစာဖက်🏝
______________________

ရေအောက်တိုင်းပြည်ရဲ့ ဓလေ့ထုံးစံအတိုင်း သတိုးသမီးနဲ့ ဆွေမျိုးများမှာ လက်မထပ်ခင် ၁၀ ရက် (သို့) တစ်ပတ်လောက်ကတည်းက သတိုးသားအိမ်ဘက်မှာ သွားနေရသည်..။

မင်္ဂလာပွဲအား နှစ်ယောက်သား တတ်ညီလက်ညီနဲ့ ကူညီလုပ်ကိုင်ပေးရင်း ဆွေမျိုးများနှင့် ရင်းနှီးမှု ယူရသည်..။ သို့ပေမဲ့ ခုချိန်မှာတော့ ရေသူဘုရင်မှာ အတော်ကလေးကို အခက်တွေ့နေပြီ ..။ သတိုးသားမရှိပဲ အဖေ ကိုယ်တိုင်က မင်္ဂ်လာပွဲကို စီမံနေသည့်အဖြစ် တဖက်က ကိုယ့်သူငယ်ချင်း မိသားစု ဖြစ်နေလို့သာပဲ မဟုတ်ရင် ဘယ်လောက်တောင် မျက်နှာ ပျက်လိုက်မလဲ?

" ဝမ်ရိပေါ် ဝမ်ရိပေါ် ဒင်းတော့..."

အတင်းသွား ခေါ်ပြန်ရင်လည်း သား က ကတ်ကတ်လန်အောင် ရန်တွေ့တာနဲ့ပဲ ခမည်းခမက် သူငယ်ချင်းရှေ့မှာ မျက်နှာက ထပ်ပျက်အုံးမယ်..။ တော်သေးလို့ ဖိန်းအာ က ဘာ့မှ အားနာစရာ မလိုကြောင်း ၊ ရိပေါ်အစား အရှင်က မင်္ဂလာပွဲကို စီမံပေးလည်း သူ့ဘက်က အဆင်ပြေကြောင်း ပြောလာသည်..။

" တွေးလေ ဒေါသထွက်လေပဲ "

တစ်ယောက်တည်း မြည်းတွန်း တောက်တီးရင်း ဒေါသတွေ ပိုထွက်လာတယ်..။ အိပ်စက်ရာ ကမာသလွန်ပေါ်က ငေါက်ခနဲ ထထိုင်လိုက်ပြီး နန်းတော်အပြင်ကို ထွက်လာလိုက်သည်..။ ဒီလိုစိတ်မျိုးနဲ့ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာမဟုတ်..။

" အရှင် "

"အရှင် "

အဆောင်တော်အပြင် ထွက်လိုက်တာနဲ့ အစောင့် ရေသူတပ်သားများက နှုတ်ဆတ်လာသည်မို့ ခေါင်းညိမ့် အသိအမှတ် ပြုပြီး ခြေဦးတည့်ရာ လျှောက်လာလိုက်ကာ ဥယျာဥ်တော်ဘက် ရောက်မှန်းမသိ ရောက်လာခဲ့တယ်..။

"ဟင်! "

လင်းညှို့ရီဝေစန္ဒကူး ကျောက်ခတ်များဘေးတွင် မြင်လိုက်ရသော ငွေရောင်နဂါးအမြှီးလေး တစ်စွန်းတစ်စကြောင့် ပါးစပ်ကလွှတ်ခနဲ..

" ဖိန်းအာ..."

သူမကလည်း အံ့ဩသွားပုံနှင့် သူ့အားပြူးကြည့်လာခဲ့ပြီး လက်နှစ်ဖက်ကို နောက်မှာထားလိုက်ကာ တုန်ယီစွာနှင့်..

" လူပျိုကြ​ီး ရဲ့ ဖူးစာဖက် "[ Completed ]✔Where stories live. Discover now