## Unicode ##
လူပျိုကြီး ရဲ့ ဖူးစာဖက်🏝
______________________" ဟာ..ဘာလုပ်တာလဲ? "
" ဌာနေကိုပြန်ခိုင်းနေတာလေ.."
" ဝမ်ရိပေါ် မင်းတော့ ကျစ်!"
ဖမ်းထားတဲ့ငါးတွေကို ပြန်လွှတ်ပေးနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်မှာ ငါးမျှားတံကြီး တစ်ရမ်းရမ်းနဲ့ ဒေါသပွေနေပြီ..။ ခြေနှစ်ချောင်း မကယ်ကောင်းဘူးဆိုတာ တကယ်မှန်နေပြီလားမသိ ၊ အဲ့ဒီအရူးပါးလေးက မနေ့ကလည်း သူ့ကိုတစ်ညလုံး ဟိုကိုင်ဒီကိုင်လုပ်ပြီး တဟီးးဟီးး ရယ်နေသေးတာ..။ ဒီလူက စိတ်ထိန်းနိုင်လိုက်လို့ မဟုတ်ရင် စိတ်မမှန်တဲ့သူကို မုဒိန်းကျင့်မိတယ်ဆိုပြီး ကိုယ့်ဘာသာ အပြစ်တင်လို့ ဆုံးမှာမဟုတ်တော့ဘူး..။
မိုးလင်းပြန်တော့လည်း အေးဆေး မနေဘူး ခက်ခက်ခဲခဲ ဖမ်းထားတဲ့ ငါးတွေကို ပြန်လွှတ်ပေးနေတာပဲ ကြည့်တော့..။ ပြီးတော့ ပြောနေတာကို တစ်ချက်လောက် နားဆင်လိုက်အုံး..။
" မင်းတို့ လူသားတွေကလေ သိပ်ကိုရက်စက်တာပဲ အဲ့ငါးလေးတွေမှာ ဘာအပြစ်ရှိလို့ ဖမ်းတာလဲ? "
"စားမလို့ ဖမ်းတာပေါ့ကွ.."
" တစ်ခြားဟာ စားလေ ဘာလို့အဏ္ဏဝါသားတွေကိုမှ စားချင်ရတာလဲလို့.."
ရိပေါ်မှာ စွေ့စွေ့ခုန်ပြီး ရန်တွေ့လာတာမို့ ရှောင်းကျန့်ကလည်း ငါးမျှားတံကို ကျောက်ဆောင်ဘေး အသာချလိုက်ပြီး အင်္ကျီလက်နားစအား တစ်တောင်ဆစ်ထိ ပင့်တင့်လိုက်တယ်..။ တစ်ပွဲတစ်လမ်း အကဲစမ်းရတာပေါ့ ငါလူပျိုကြီးကို ဘာမှတ်နေလဲ?
" အဲ့တော့ မင်းဘာဖြစ်ချင်လဲကွာ ငါ့ကျွန်းမှာလည်း နေသေးတယ် ငါ့ကိုလည်း ဟိုဟာ မလုပ်နဲ့ ဒီဟာမလုပ်နဲ့ ချုပ်ခြယ်ရအောင် မင်းက ငါ့လင် မို့လို့လားဟမ် ! "
"အဲ..! "
အလစ်တိုက် မေးခွန်းကြောင့် ရိပေါ်မှာပြာတတ်သွားကာ သေချာစဥ်းစားပြီးမှ..
" ငါကထိမ်းမြားရတော့မှာ နောက်ပြီးငါတို့က မျိုးနွယ် မတူကြဘူးလေ ငါ မင်းလင် လုပ်လို့မရဘူး ရှောင်ရှောင်းး"
YOU ARE READING
" လူပျိုကြီး ရဲ့ ဖူးစာဖက် "[ Completed ]✔
Fantasy// ZhanYi // ကျွန်းငယ်လေး တစ်ခုပေါ်မှ ကြည်နူးဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ် Xiao Zhan [ Seme ] Wang Yibo[ Uke ] စိတ်ကူးယဥ် Fan fic တစ်ခုမျှသာ ။ Ownstory စနေမိုးဆွေ