Part (14)🔞 Ending

3K 239 43
                                    

## Unicode ##

လူပျိုကြီးရဲ့ဖူးစာဖက်🏝
_____________________

" မင်းဘယ်သူလဲ ဘယ်လိုလုပ်ပြီး ငါ့ကျွန်းပေါ်ရောက်နေတာလဲ ပြောစမ်း "

ရိပေါ်မှာ မျက်နှာငယ်လေးနှင့် သူ့ဘေးတစ်ချက်စီတွင် ရပ်နေသော လူနှစ်ယောက်ကို ကြည့်လိုက်တယ်..။ သို့ပေမယ့် စစ်ကူမရတယ့်အပြင် မသိချင်ယောင် ဆောင်နေသေးသည်မို့ ကိုယ့်ရင်ဘတ်ကို တစ်ဘုန်းဘုန်းပုတ်ကာ..

" ငါလေ မင်းရဲ့ဝမ်ဝမ်းလေ "

"တော် တန် တိတ် ဝမ်းတွေ တူးတွေ ငါမသိချင်သလို မင်းကိုလည်း ငါမသိဘူး ငါ့မှတ်ဉာဏ်ထဲမှာ မင်းမရှိဘူး "

သူ့အင်္ကျီပွကြီးထဲ နစ်မြှုပ်နေသော ငါးကောင်လေးကတော့ ထိုအကန်စကားများကြောင့် လမ်းပျောက်သွားကာ နှုတ်ခမ်းတထော်ထော်နဲ့ စကားနာထိုးတယ်..။

" မဟုတ်တာ ဒီအချိန်လောက်ဆို မင်းမှတ်ဉာဏ်တွေ ပြန်ရသင့်နေပြီလေ "

ရေသူထီးတွေက တကယ်ကြီး လူသား မှတ်ဉာဏ်တွေကို အရှင်းပျောက်အောင် မလုပ်နိုင်ပေ..၊ ဂါထာရွတ်ပြီး အနမ်းပေးခြင်းကလည်း မှတ်ဉာဏ်ကိုခဏတာ မေ့ပျောက်အောင်လုပ်ရန် အများဆုံး ၁၀ ရက်ခန့်သာသုံးလို့ရသည်..။

" တစ်ခုခုတော့ မှားနေပါပြီ ဒါမှမဟုတ် ရေသူထီးတွေက တကယ်ကြီး မှတ်ဉာဏ်ဖျောက်နိုင်တာလား? ခမည်းတော်ပြောတော့ မဖျောက်နိုင်ဘူးဆို အားး! စိတ်ရှုပ်စရာကောင်းလိုက်တာ "

ရိပေါ်မှာ တွေးတွေးဆဆနှင့် ရွှေရောင်ဆံပင်တွေကို ဆွဲဖွပြီး တီးတိုးတီးတိုး ပြောနေမိတယ်..။ ရိပေါ့်သရုပ်မှန် အကြောင်း ပါလာတာနဲ့ ရှောင်းကျန့်က တပည့်နှစ်ယောက်ကို မျက်ရိပ်ပြပြီး အခန်းထဲက ထွက်သွားစေသည်..။ ဒီရေသူ အဆိုးအဆာလေးကို မှတ်ဉာဏ် ပျောက်ချင်ယောင် ဆောင်ပြီး ကိုယ်က တမုန်းကြီး Play အုံးမှာမို့်..။

" ဟေးး ပွစိ ပွစိ နဲ့ ဘာတွေ ရေရွတ်နေတာလဲ? "

မျက်နှာကြောကို တင်းထားပြီး ရှောင်းကျန့်က ရိပေါ့်အား ဘုရှိုးရှိုးကာ မေးတယ်..။ ငါးကလေးမှာ မပျော်မရွှင်နိုင်ပဲ..

" လူပျိုကြ​ီး ရဲ့ ဖူးစာဖက် "[ Completed ]✔Where stories live. Discover now