Part (13)

1.6K 212 35
                                    

**Unicode **

လူပျိုကြီးရဲ့ဖူးစာဖက်🏝
_____________________

" အားမနာနဲ့ သောက်ကြ ဒီနေ့မှာ ငါမင်းသားရဲ့ အိမ်ရှေ့စံဆိုတယ့် ရာထူးကိုမေ့ပြီး သူငယ်ချင်း လုပ်ကြရအောင် ငါးကောင်တို့ "

သေရည်ခွက်ကို မြှောက်ပြီး ရိပေါ်က ဧည့်ခံပွဲကို တတ်ကြွအောင် လုပ်နေသည်..။ လူငယ်ပွဲကနေ လူကြီးပွဲ ဖြစ်သွားတာမို့ သားတော်ကိုရှက်တာက တစ်ကြောင်း၊ မျိုးနွယ်တူတွေကို မျက်နှာ မပြဝံ့တာတစ်ကြောင်း စသဖြင့် အကြောင်း အမျိုးမျိုးကို အသုံးချပြီး ရေသူဘုရင်ဝမ်ရန်မှာ ဧည့်ခံပွဲကနေ ရှောင်တိမ်းနေတော့သည်..။ ဖိန်းဖိန်းကလည်း ဘယ်ရမလဲ ကော်နဲ့ကပ်ထားသလို သူ့အရှင်နောက်ကို လိုက်သွားသည်ပေါ့..။ နောက်ဆုံးတော့ အိမ်ရှင်ဖြစ်တယ့် ရိပေါ်မှာ ငါးကောင်တို့ကို ခုလို ဧည့်ခံနေရခြင်း..။

" မူးရင် မပြန်ကြေးနော် သောက်သာသောက် "

" ဟေးးးဟေးး"

သူများတွေ မူးလား မမူးလားမသိ ၊ ရိပေါ်ကတော့ ဟိုလူ ငှဲ့ပေးတာ သောက်လိုက်၊ ဒီလူငှဲ့ပေးတာ သောက်လိုက်နဲ့ လူက ဝေတေတေနဲ့ ထွေပြားနေပြီ..။ ပွဲပြီးတာနဲ့ ကုန်းမြေကို ပြန်မယ်လို့ ခမည်းတော်ဆီက ခွင့်ပြုချက်ကို မနည်း တောင်းထားရတာ..။ ခွင့်မပြုလို့ မရဘူးလေ ဝမ်ရိပေါ့်ဘက်မှာ မယ်တော်အသစ် တစ်ယောက်လုံး ရှိနေတာပဲ..။ သူများတွေ အမြင်မှာတော့ အိမ်ရှေ့စံမင်းသားက သတိုးသမီးလောင်းကို ဖခင်ဆီပေးလိုက်ရတယ့် သနားစရာ ငါးငယ်လေးတစ်ကောင်ပေါ့..။ အသဲကွဲတာကို သေရည်သောက်ပြီး ဖြေသိမ့်နေတာလို့ တွေးနေကြသူများလည်း ရှိသေးသည်..။

ဘယ်သူတွေ ဘယ်လိုတွေးတွေး ရိပေါ်ကတော့ ကိုယ်ရည်ရွယ်ချက်နဲ့ကိုယ် ပျော်မဆုံး တပြုံးပြုံးဖြစ်ကာ ဖီဖီရဲ့မင်္ဂလာပွဲတွင် သေရည်တွေ တပျော်ကြီး သောက်သုံးခဲ့လေသည်...။

____



ွမြောက်ပြန်လေ က လွန့်လူးကာ တိုက်ခတ်နေရင်းမှ လေပွေမုန်တိုင်းငယ် ဖြစ်ပေါ်လာသည်အထိ အားကောင်းလို့ လာတယ်..။ မိုးလေဝသ သတင်းကလည်း ဆိုးရွားသော ရာသီဥတု အခြေအနေအား အရေးပေါ် ကြေငြာလျက်ရှိသည်...။

" လူပျိုကြ​ီး ရဲ့ ဖူးစာဖက် "[ Completed ]✔Wo Geschichten leben. Entdecke jetzt