Part (8)

1.8K 210 40
                                    

{{ Unicode }}

လူပျိုကြီးရဲ့ဖူးစာဖက်🏝
________________________

ရိက္ခာလာပို့တဲ့ လူတစ်စုမှာ ရှောင်းကျန့်အား ရိုကျိုးစွာ ကြည့်လိုက်ပြီး..

" Boss ဒါဆိုပြန်လိုက်ပါအုံးမယ် "

" အင်းး နောက်တစ်ပတ် လာရင် မုန့်များများသယ်လာခဲ့.."

" ရှောင်ရှောင်း ငါ ဒါကြိုက်တယ် "

စုပ်လက်စ Lollipop လေးကို ပါးစပ်ကထုတ်ပြီး ရိပေါ်က ပြောလာတာမို့ ရှောင်းကျန့်မှာ ချက်ချင်းလက်ငင်းပဲ..

" Lollipop အရသာမျိုးစုံ သယ်လာခဲ့ နောက်ပြီး ကွန်ဒုံးတစ်ဖာနဲ့ ချောဆီဘူးအကြီးတစ်ဘူး "

" ဗျာ! တစ်ဖာလုံးတောင် "

ကြားရတဲ့လူက သွေးတတ် နေသော်လည်း ကွန်ဒုံးကို မသိသော ဝမ်ရိပေါ်ကမူ မျက်လုံးလေးပြူးပြီး..

" ရှောင်ရှောင်းက ကွန်ဒုံးကို ကြိုက်တာလားဟင် အဲ့ဒါက စားလို့ကောင်းလား? "

" ဟမ်! Boss ကောင်လေးက ကျပ်မပြည့်...."

" ဘာတွေပြောနေတာလဲ သွားတော့ "

ထိုလူမှာ Boss ဖြစ်သူရဲ့ရှုတည်တည်အကြည့်ကြောင့် ကျောချမ်းသွားကာ ကျန်လူများအား မျက်ရိပ်ပြပြီး တစ်ချိုးတည်း လစ်ပြေးသွားတော့တယ်..။ ငါတို့ရဲ့ Boss က ကျပ်မပြည့်တဲ့ ကောင်လေးတစ်ယောက်နဲ့ အဝှာပြုဖို့ ကျွန်းပေါ်မှာ နေနေတာပေါ့..။ ဒါကဥပဒေနဲ့ ငြိတာ မဟုတ်ဘူးလား?

ပြောတော့ ကျွန်းမှာ တစ်ယောက်တည်း အနားယူမလို့ဆို..။ ခုတော့ အလှလေးခေါ်ပြီး ကျွန်းပေါ်မှာ လာနှပ်နေတယ်..။ အေးလေ ဟိုကလည်း ကျပ်မပြည့်ပေမယ့် အပိုင်သိမ်းချင်စရာ ကောင်းတဲ့ ရူပါမျိုး ရှိနေတာကို..။ သူဌေးတွေ လုပ်တော့လည်း ဘယ်အရာမဆို တင့်တယ် နေတော့တာပဲ..။ ဟွန်းး ဒါပေမဲ့ နှစ်ယောက်သား လိုက်ဖက်ပုံကတော့ ငပိနဲ့လောက် လိုပဲ..။ လူတစ်စုမှာ အတွေးပေါင်း သောင်းခြောက်ထောင်နှင့် ကျန်ရစ်ခဲ့သော ကျွန်းငယ်လေးကိုသာ လည်ပြန် ငေးကြည့်လို့..။

ကမ်းစပ်က စက်လှေ ထွက်သွားတာကို ရိပေါ်မှာ ငေးနေမိရင်း..

" လူသားတွေ အများကြီး ရှိတဲ့နေရာက ပျော်ဖို့ကောင်းလား ရှောင်ရှောင်း "

" လူပျိုကြ​ီး ရဲ့ ဖူးစာဖက် "[ Completed ]✔Where stories live. Discover now