Part (4)

2.2K 225 34
                                    

## Unicode ##

လူပျိုကြီးရဲ့ဖူးစာဖက်🏝
____________________

" အွင်းး "

ခပ်တိမ်တိမ် ညည်းညူရင်း ရှောင်းကျန့်မှာ အပျင်းကြော ဆန့်ရန်ပြင်သည်..။ သို့ပေမဲ့ သူ့ဘယ်ဘက် လက်မောင်းက တစ်ခုခုအဖိခံထားရတာမို့ အနည်းငယ် ရုန်းကန်လိုက်မိတယ်..။

" ဘာလဲကွာ ကျစ်!  "

" ဟင့်..ဘာလဲ ရှောင်ရှောင်းရာ "

"ဟမ်! "

What
What the f**k.
မျက်လုံးတွေက Auto ပင်ပွင့်လာကာ အသံလာရာကို ဆန်းစစ်ကြည့်လိုက်တော့ သူ့လက်မောင်းပေါ်က တရားခံမှာ ဝမ်ရိပေါ်ဖြစ်နေခဲ့သည်..။ ဒီရုပ်ကို မြင်လိုက်ရတာနဲ့ မနေ့ကအကြောင်း အရာများကလည်း ခေါင်းထဲတစ်ဖန် ပြန်ရောက်လာခဲ့ကာ..

" ရေသူထီးး....အားး!! "

" ဘာဖြစ်တာလဲ ရှောင်ရှောင်း "

" မင်း ငါ...ငါ့ကိုမနေ့က ဘာလုပ်လိုက်တာလဲ? "

"ဘာလုပ်ရမှာလဲ? "

အိပ်ချင်မူးတူး ကောင်ငယ်လေးမှာ မျက်လုံးမဖွင့်နိုင် ဖွင့်နိုင်နဲ့ သူ့အား မေးလာတယ်..။ ဝမ်ရိပေါ်က သူ့အဝတ်အစားတို့နှင့် လုံခြုံနေပေမယ့် ကိုယ်ကတော့ အပေါ်တုံးလုံး အောက် ငေါက်တောက်နဲ့ ခေါင်းလောင်းတီးနေတာလေ အိုက်ယား ငါရှက်တယ်..။ ခင်ဗျားတို့ စဥ်းစားကြည့် ကျွန်တော်က နုဖက် အုအက် နေတဲ့လူပျိုကြီးဗျ ခုလို အခြေအနေနဲ့ ပက်သက်ပြီး Sensitive ဖြစ်တာတော့ မဆန်းဘူး မဟုတ်လား?

ရှောင်းကျန့်မှာ စောင်ကိုခါးမှာ ပတ်လိုက်ပြီး ရိပေါ်အား မျက်နှာငယ်လေးနဲ့ကြည့်ကာ..

" မင်း ငါကိုစားလိုက်ပြီလား..? "

လူပျိုကြီးတို့က ဇွတ်..။

ရိပေါ်ကတော့ အိပ်ရေးမဝဟန်နှင့် ခုချိန်ထိ ငူငူငိုင်ငိုင် ဖြစ်နေကာ ရှောင်းကျန့်စကားများကြောင့် ခေါင်းကို သာကုပ်နေမိရင်း..

"  ငါက လူသား မစားဘူးလေ မင်း ဘာတွေမေးနေတာလဲ? "

"ဟမ်! အဲ့လိုလား? "

ရင်ထဲက အပူလုံးခုမှ ကျသွားတော့တယ်..။ ထိုရေသူထီးလေးကတော့ ကိုယ့်အား မကျေမနပ် ကြည့်လာခဲ့ပြီး..

" လူပျိုကြ​ီး ရဲ့ ဖူးစာဖက် "[ Completed ]✔Where stories live. Discover now