Part (11)

1.5K 217 39
                                    

// Unicode //

လူပျိုကြီးရဲ့ဖူးစာဖက်🏝
_____________________

" ရေအောက်မှာ တစ်ခုခုတော့ဖြစ်နေပြီ ရှောင်ရှောင်း ငါပြန်မှဖြစ်မယ် "

ရေချိုးကန်ထဲကနေ ရိပေါ်က အသဲအသန် ကုန်းတတ်နေတာမို့ ရှောင်းကျန့်မှာ ကူထိန်းပေးလိုက်ရသည်..။ ပြီးနောက် အမြှီးကို Towelနဲ့ အလောတကြီး သုတ်နေကာ ခြေထောက်တွေ ပြောင်းရန် စိတ်လောနေသော ရေသူအလှလေးက ကိစ္စတစ်ခုကို သောကရောက်နေဟန်..

" ဘာများဖြစ်လို့လဲ ဝမ်ဝမ်ရာ ပြန်ဖို့က ရက်နည်းနည်း လိုသေးတယ်လေ "

" ငါသိတယ် ဒါပေမဲ့ ပင်လယ်ရေတွေ ပူလိုက်၊ အေးလိုက် ဖြစ်နေပုံအရဆို ခမည်းတော်တော့ ကျိန်းသေ ဒုက္ခရောက်နေပြီ "

" ဟမ်..ဟုတ်လား? "

" ဟုတ်တယ် "

ကြွေဇလားထဲက ပင်လယ် ရေငန်တွေကို ရှောင်းကျန့်မှာ စပ်စပ်စုစု သွားကိုင်ကြည့်ပေမဲ့ ဘာမှထွေထွေထူးထူး မခံစားရ..။ ကိုယ်နဲ့သူ မျိုးနွယ် မတူတာကြောင့် ခံစားလို့မရတာဟု မှတ်ယူလိုက်ပြီး..

" ငါ့ကိုပါ ခေါ်သွားနော် "

" မရမှန်း မင်းသိရက်သားနဲ့ "

ရေအောက် လောကသားတွေက လူသားတွေဆို မုန်းတီးကြသည်..။ ထို့ကြောင့် ရှောင်းရှောင် အား ခေါ်သွားလို့မဖြစ်ပေ..။

" ဒါဆို မင်းလည်းမပြန်နဲ့တော့ "

" ဟမ်! "

ကျွန်းပေါ်က ထွက်လာကတည်းက ရှောင်းကျန့်အများကြီး တွေးထားပြီးသားဖြစ်သည်..။ ချစ်ရသူနဲ့သာ အတူနေရမယ်ဆိုရင် ကုန်းမြေဒေသ ေရလွှမ်းရုံမကလို့ ကမ္ဘာကြီးနှစ်ခြမ်း ကွဲသွားပါစေ ရှောင်းကျန့် ဂရုမစိုက်နိုင်ပါ..။ အချစ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ တခါတလေ တစ်ကိုယ်ကောင်းဆန်ကာ သူ အစွမ်းကုန် ရူးသွပ်ပစ်လိုက်မည်..။

" ငါ မင်းကိုပြန်မလွှတ်တော့ဘူး "

ဘောင်းဘီအိတ်ကပ်ထဲက ေဆးပုလင်းနှင့် ပြွန်ငယ်လေးတစ်ခု ထုတ်ကာ ရှောင်းကျန့်မှာ ရိပေါ့်လက်မောင်းအား ဆေးထိုးသွင်းရန်လုပ်နေသည်..။

" လူပျိုကြ​ီး ရဲ့ ဖူးစာဖက် "[ Completed ]✔Where stories live. Discover now