" ဒီမျဥ်းပြိုင်နှစ်ကြောင်းက ဘယ်တော့မှမဆုံဘူးလို့ ထင်ရတယ်မလား ။ တကယ်တော့ သူတို့ဆုံတဲ့နေရာရှိတယ် "
" မရှိပါဘူး "
Professor Kက ချောင်းတစ်ချက်ဟန့်ရင်း မျက်မှန်ကို ခပ်ဖြည်းဖြည်းချွတ်တယ် ။ အသက်၂၉နှစ်နဲ့ Professor ဖြစ်လာတဲ့လူမို့ သူ့ကို တပည့်တွေလက်မခံမှာကြောက်မိတဲ့Kက အသက်ကြီးတဲ့အမျိုးသားတစ်ယောက်ရဲ့ဟန်ပန်ကို မနည်းပုံစံကူးခဲ့ရတာ ။ အဲ့တာကြောင့် သူ့အပြုအမူတွေက အမြဲလို နူးညံ့တတ်စမြဲ ။
Kက အနီးသေချာမမြင်ရတာမို့ စာကြည့်တဲ့အခါတိုင်း မျက်မှန်တပ်လေ့ရှိပြီး အခုလို ကလန်ကဆန်လုပ်ချင်တဲ့ကျောင်းသားတွေကိုကြည့်ချင်တဲ့အခါမှာတော့ မျက်မှန်ချွတ်ရပါတယ် ။
" အော် Nicho .. "
သူ့အသံက ခပ်ဖြည်းဖြည်းပဲထွက်သွားတယ် ။ ကလန်ကဆန်လုပ်လိုတဲ့ မျက်လုံးတွေနဲ့ မထီတရီကြည့်နေတဲ့ Nicholasကို မြင်တော့ မသိမသာပြုံးမိရပါတယ် ။
" ဆရာပြောတာ ကျွန်တော်လက်မခံဘူး "
အင်း .. ပုံမှန်အချိန်မှာလဲ မင်းငါပြောတာဘယ်ဟာကိုမှလက်မခံပါဘူး Nichoရဲ့ ... ။
Kက နှုတ်ခမ်းတွန့်ရုံ နာနာကျင်ကျင်ပြုံးလို့ သူ့လက်သူကြွယ်က လက်စွပ်ကိုဖွဖွထိမိတယ် ။
" မျဥ်းပြိုင်နှစ်ကြောင်းက Infinity မှာတော့ ဆုံကြတယ် ။ ဒါပေမယ့် ဝမ်းနည်းစရာက Infinity ဆိုတာ တကယ် မရှိဘူး "
Kက လက်ကနာရီကိုမသိမသာငဲ့ကြည့်တော့ အတန်းဆင်းဖို့ ၄မိနစ်လောက်ပဲလိုတော့တာမို့ Lectureကို လက်စသတ်ပါတယ် ။ ကလေးတွေလဲ ဗိုက်ဆာနေရောပေါ့ ။
အကျင့်ပါနေတဲ့မျက်လုံးက Nicholasကို တန်းတန်းမတ်မတ်ကြည့်မိလျက်သား ။ Nichoဟာ သူ့ကိုမှုန်တေတေမျက်လုံးတွေနဲ့ပြန်ကြည့်နေတာမို့ Kကပဲ ကမန်းကတန်း အကြည့်လွှဲပေးလိုက်ရပါတယ် ။
အမြဲတမ်း Nicholasဆီက ဒီလို နှစ်လိုဖွယ်မကောင်းသည့်မျက်ဝန်းတွေပဲ လက်ခံရရှိနေကျပေမယ့် Kဟာ အသားမကျတတ်သေး ။
တစ်စုံတစ်ယောက်ရဲ့ ဥပေက္ခာဟာ ဤမျှခံရခက်ပါသလားဟု ...
တစ်စုံတစ်ယောက်ကိုချစ်ရတာ ဤမျှနာကျင်ဖွယ်ကောင်းသောအရာပါလားဟု သိလိုက်ရချိန်တွင် Kက အလွန်နောက်ကျစွာ ရူးရူးမိုက်မိုက်ချစ်ခဲ့ပြီးနေပြီဖြစ်သည် ။
YOU ARE READING
𝙊𝙣𝙘𝙚 𝙄𝙣 𝘼 𝙇𝙞𝙛𝙚𝙩𝙞𝙢𝙚 (𝙆.𝙉𝙞𝙘𝙝𝙤𝙡𝙖𝙨)
FanfictionNothing much, Just Nicholas being K's once in a lifetime ✨ &TEAM KNicho Burmese fanfiction