11 ( Ending )

174 29 6
                                    

" အကြာကြီးနေမှ အိမ်ပြန်လာရတာ ကောင်းလိုက်တာ "

သူတို့နှစ်ယောက်၏ Condoရှေ့မှာ ညည်းညည်းညူညူပြောလာတဲ့ Nicholasကြောင့် Kက ဟက်ခနဲရယ်မိလိုက်သည် ။ မိဘအိမ်မှာ တစ်ပတ်လောက်လေး အိပ်ရတာ သူ့ခမျာ ဘာတွေပင်ပန်းနေလဲမသိပါ ။

" အဲ့တာကြောင့် ရှေးလူကြီးတွေပြောခဲ့ကြတာပဲ ။ လက်ထပ်ပြီးရင် အိမ်ခွဲနေသင့်တယ်ဆိုတာ "

မဟုတ်မဟုတ် အတွေးခေါင်းထဲဝင်လာတဲ့ Kက ခေါင်းကိုခါယမ်းပစ်ရင်း အလုပ်လုပ်ဖို့ပြင်သည် ။ အိမ်ကို တစ်ပတ်လောက်ပစ်ထားခဲ့တာမို့ ရှင်းစရာရှိတာ ရှင်းရဦးမည်လေ ။

" Gameသွားဆော့လိုက်ဦးမယ် ။ ဖုန်းအားမရှိလို့ အားသွင်းထားခဲ့မယ် ။ ဖုန်းတွေဘာတွေလာရင် ကိုင်ထားလိုက်နော် "

" Nicholas ခဏ ။ ထီးဆောင်းသွားဦး နေပူတယ် "

" ထီးမဆောင်းချင်ဘူး ။ ပျင်းတယ်ဗျာ "

Kက Nicholasပါးကို ချစ်စနိုးဆွဲညှစ်ရင်း ဆူပူရသည် ။ Nicholasတအားဂျစ်တိုင်း သူအလိုမလိုက်ပေးနိုင်ပါ ။

" မင်းထီးမယူသွားလဲရတယ်လေ ၊ ကိုယ်ဆိုင်အထိ ထီးလိုက်မိုးပေးမယ် "

" တအား အဖြစ်သည်းတာပဲ ခင်ဗျား "

Nicholasက သူ့လက်ထဲကထီးကိုဆူဆူဆောင့်ဆောင့်ယူသည် ။ မျက်စောင်းကလဲထိုးနေလိုက်သေးတာများ ..

" ဟိုဘက်ခဏလှည့် "

" ဘာရှိလို့လဲ - အယ် "

Kရဲ့ ပါးတစ်ဖက်ပေါ် ကမ္ဘာမြေရဲ့ဆွဲအားဟာ တဒင်္ဂလမ်းကြောင်းချော်သွားသည့်နှယ် Nicholasရဲ့နှုတ်ခမ်းလေး ပြုတ်ကျလာသည် ။

" ဘာကြောင်နေတာလဲ ထိုးလိုက်တာလေ ။ မကျေနပ်ဘူးလား "

Kကသူ့ပါးသူပြန်ကိုင်ကာ ရယ်နေရုံပဲတတ်နိုင်သည် ။ အထုတ်တွေ ရှင်းလင်းရင်း ခဏအကြာမှာ Nicholasဖုန်းကလာတာမို့ သူကိုင်လိုက်တော့ အိမ်ကဖုန်းဆက်တာဖြစ်နေသည် ။

အိမ်ပြန်ရောက်နေပြီမို့ စိတ်မပူဖို့ပြောရင်း ဖုန်းချလိုက်သည့်ခဏမှာ Kကို စိတ်ဝင်စားသွားစေတာက Nicholasရဲ့ wallpaper ။ သူထင်တာမမှားရင် Cigaretteအတိုအစတစ်ခုကို wallpaperတင်ထားသလိုမျိုးပင် ။ Nicholas ဆေးလိပ်မသောက်တတ်တာ သူသိတာမို့ သိချင်လာရသည် ။

𝙊𝙣𝙘𝙚 𝙄𝙣 𝘼 𝙇𝙞𝙛𝙚𝙩𝙞𝙢𝙚 (𝙆.𝙉𝙞𝙘𝙝𝙤𝙡𝙖𝙨)Where stories live. Discover now