7

200 37 4
                                    

" wow Nicholas မိုက်တာကြီး .. မင်းဘယ်လိုများ Mathsကို အမှတ်ပြည့်ရတာလဲ ။ Professor Kတော့ ပျော်နေတော့မှာ "

Canteenမှာ miloခွက်ထဲက ရေခဲကို ပိုက်နဲ့ ပျင်းရိပျင်းတွဲမွှေနေသည့် Nicholasဟာ Professor K ဆိုသည့် နာမည်ကြားတော့ မလုံမလဲဖြစ်စွာ ခါးမတ်မတ်ထိုင်လိုက်မိသည် ။

" ဒီအပုဒ်ကို ငါဘယ်လိုမှမရတာလေ ။ ဒီအဆင့်အထိတော့ရပေမယ့် Circle theorem 4ကို လုံးဝမမြင်တာနဲ့ ထားခဲ့လိုက်တာ ။ မင်း စာသင်ရင်လဲ တစ်လုံးမှလိုက်နားမထောင်ဘဲ ဥာဏ်စမ်းကို ဘယ်လိုရသွားတာလဲ "

Euijooထောက်ပြနေသည့် အပုဒ်ကို စောင်းကြည့်လိုက်တော့ Nicholasကို ဟွန့်ခနဲနှာမှုတ်မိသွားသည် ။

" ဘာဥာဏ်မှမစမ်းဘူး ။ ဒါ semesterအစတုန်းက အတန်းထဲတွက်ပြဖူးတယ် "

" ဟ .. မင်းက semesterအစကဟာတောင် မှတ်မိတယ်လား ။ မင်း Professor Kရဲ့ အတန်းချိန်တွေတိုင်း စိတ်မဝင်စားသလိုလုပ်နေပေမယ့် တကယ်တမ်းကျ မင်းဆရာ့ကို ကြိတ်သဘောကျနေတာမလား "

' ကြိတ်သဘောကျ ' ဆိုသည့်နေရာအရောက် Nicholaaက ပါးစပ်ထဲငုံထားသည့် Miloတွေကို ဖွီးခနဲ ထွေးထုတ်မိတော့မလို့ .. ။

သီးသွားတာမို့ အသည်းအသန်ချောင်းဆိုးနေတာကို သကောင့်သားလေး Byun Euijooက ထိုင်ရယ်နေသေးတာ ။

" မင်းဘိုးအေကြီးကို သဘောကျ ၊ ချီးပဲ ခွေးကောင် "

" ကျတယ်ကွာ ၊ ဘာဖြစ်လဲ ။ ဆရာက ငါ့Idolပဲ ၊ ဥာဏ်ကောင်းပြီး ရုပ်လဲချော ။ ပြီးတော့ သူသုံးတဲ့ အသုံးအဆောင်တွေက တကယ့်စျေးကြီးတာတွေချည်း ။ လုံးဝ Husband Material "

' မင်းပြောတဲ့ Husband material ရဲ့ Husbandက ငါလေ ' လို့ပြောပစ်ချင်စိတ်ကြောင့် Nicholasက ပြုံးစိစိဖြစ်လာရပါတယ် ။

" ဆရာ .. ဒီမှာလာထိုင်ပါဗျ "

Koga Yudaiအကြောင်း တွေးနေတုန်း ရောက်ချလာသည့် Koga Yudaiဟာ တကယ်ပဲ အသက်ရှည်ဦးမည်ထင်ရ ! အဝတ်အစားကိုတော့ ခါတိုင်းလို သပ်သပ်ရပ်ရပ်ဝတ်ထားပေမယ့် နွမ်းဖတ်နေသည့် မျက်နှာသေးသေးလေးဟာ မှိန်ဖျော့လို့ ။

မနက်ကလဲ Koga Yudaiဟာ ခေါက်ဆွဲပြုတ်ကို Microwaveထဲ မထည့်ဘဲ ရေခဲသေတ္တာထဲထည့်ဖို့လုပ်နေတာမို့ အမြင်မတော်သည့် Nicholasကပဲ ပြုတ်ပေးခဲ့ရသေးသည် ။

𝙊𝙣𝙘𝙚 𝙄𝙣 𝘼 𝙇𝙞𝙛𝙚𝙩𝙞𝙢𝙚 (𝙆.𝙉𝙞𝙘𝙝𝙤𝙡𝙖𝙨)Where stories live. Discover now