3

260 36 5
                                    

" Assignment submitted
Nicholas chill ~ duh "

Nicholasဘဝမှာ Assignmentကို deadlineမတိုင်ခင် ထပ်တယ်ဆိုတာမျိုး မရှိဖူးဘူး ။ အခုလဲ အချိန်ကုန်ဖို့ ၄မိနစ်လောက်အလိုမှာမှ ထပ်လိုက်တာဟာ ဂုဏ်ယူစရာကြီးတစ်ခုလိုမျိုး .. ။

" အင်း EuiJooလာမယ် .. canteenရှေ့ကတစ်ချက်စောင့်ပေးနော် "

" ငါလာမှာပါကွ ၊ Minor2ချိန်ပြီးရင် အတန်းမရှိတော့ဘူးဆိုတော့ တစ်နေကုန်လျှောက်သွားရအောင် "

" ဒါပဲနော် ဖုန်းချပြီ "

Nicholasက ခပ်ရွှင်ရွှင်ပြန်ပြောရင်း တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်သည် ။ မျက်နှာကို Creamတစ်ချို့လိမ်းပြီး ကမန်းကတန်းထွက်လာတော့ ထမင်းစားပွဲပေါ်ဘာမှမရှိဘဲ ပြောင်သလင်းခါနေတဲ့မြင်ကွင်းက သူ့ကို ကသိကအောက်ဖြစ်စေတာအမှန် ။

" K ငါ့ဖို့ မနက်စာမပြင်ပေးဘဲ ကျောင်းသွားတာလား "

Koga Yudaiပြင်ကျွေးတဲ့ မနက်စာကို Nicholasအနေဖြင့် ဘယ်တုန်းကမှမစားခဲ့ပါ ။ ဒါပေမယ့် အခုလိုပြင်မထားတော့လဲ သူ့စိတ်ထဲပျော်မနေ ။

" ဖျားနေတာလား ~ ကျစ် "

အခုမှ မနေ့က အသားချင်းထိနေတုန်းက Koga Yudaiလက်တွေပူနေခဲ့တာ သတိရမိတော့သည် ။ ခါတိုင်းစိတ်နဲ့ဆို အဲ့ဒီ့လူဖြစ်ချင်ရာဖြစ် ပစ်ထားမှာပေမယ့် အခုကတော့ဖြင့် Nicholasက အပြစ်ကင်းစိတ် ရှိမနေပါ ။

" Koga Yudai "

တိုးတိုးလေးခေါ်တာမို့လို့လားမသိ ပြန်မထူး ။ အဲ့တာနဲ့ပဲ ဘယ်တော့မှ နောက်ထပ်ခြေမချပါဘူးလို့တွေးထားသည့် Kရဲ့အခန်းရှေ့ ရောက်လာရပြန်သည် ။

တံခါးခေါက်ခါနီး ချီတုံချတုံဖြစ်မိသေးပေမယ့် စိတ်ဆုံးဖြတ်ပြီး အခန်းထဲဝင်သွားတော့ မီးခိုးရောင်စောင်အောက်မှာ လူးလှိမ့်ညည်းညူနေသည့် K ... ။

ချွေးစေးတွေပြန်နေသည့် နဖူးကျဥ်းကျဥ်းဟာ အရေးအကြောင်းတွေထင်လောက်အောင် ရှုံ့တွန့်လျက် .. ။ တဟင်းဟင်းညည်းညူသံကြောင့် Nicholasက ဟန်ဆောင်ဖို့မေ့ပြီး နဖူးသွားစမ်းတော့ လုံးဝကို ပူလောင်နေတာများ ။

" ဟေ့လူ - သတိလစ်နေပြီလား "

သူ Koga Yudaiရဲ့ ရင်ဘတ်ကို တဖုန်းဖုန်းထုပြီးမေးတော့လဲ ဖြေမလာ ။

𝙊𝙣𝙘𝙚 𝙄𝙣 𝘼 𝙇𝙞𝙛𝙚𝙩𝙞𝙢𝙚 (𝙆.𝙉𝙞𝙘𝙝𝙤𝙡𝙖𝙨)Where stories live. Discover now