" Nicholas ... K kunတောင် အိမ်ကိုမလာတာ ကြာပြီနော် ။ သူ့အိမ်နဲ့ဘာပြဿနာတက်တာလဲမသိဘူး "
အိမ်စာထိုင်လုပ်ချင်ယောင်ဆောင်ပြီး စာရွက်ဖြူပေါ် တောင်ခြစ်မြောက်ခြစ် ခြစ်နေတဲ့Nicholasဟာ သူ့အစ်မစကားကြောင့် ကျစ်ခနဲစုတ်သပ်လိုက်မိရသည် ။
သူတို့မောင်နှမ နှစ်ယောက်က ဒီနေ့ကျောင်းပိတ်တာမို့ ခြံထဲမှာ အေးဆေး ဆင်းထိုင်နေကြတာ ။
" ဘယ်သိမလဲ သူ့သွားမေးပါလား "
ကိုယ်ချစ်တာ မင်းလေ Nicholasရဲ့ !
ဟာ ချီးပဲ .. Nicholasက သူ့ခေါင်းထဲ ပဲ့တင်ထပ်သလိုပြန်ကြားလာရတဲ့ အသံကြောင့် မလုံမလဲဖြစ်စွာ ဘေးအိမ်ကိုကြည့်မိတော့ ပကတိငြိမ်သက်လို့ ။" မေးချင်တာပေါ့ K kunက အစတည်းက နင်နဲ့ပဲစကားကောင်းကောင်းပြောတဲ့ဟာကို "
Nicholasက သက်ပြင်းချရင်းဆိုလာတဲ့ သူ့အစ်မစကားကြောင့် အားနာမိရပြန်သည် ။ ဒါတွေအားလုံးဟာ အဲ့ဒီ့ စောက်ရေးမပါတဲ့ Koga Yudaiကြောင့်ပဲ ။ Kကသာ မမကိုပြန်သဘောကျရင်ပြီးနေလောက်ပြီဟာကို ။
" မမ .. နင် တစ်ခြားသူတစ်ယောက်ကိုပြောင်းကြိုက်ပါလား ။ Kက .. အဟမ်း ဟိုဟာလေ ..သူ့အဖေက သိတယ်မလား အကောင်ကြီးကြီး အမြီးရှည်ရှည်ဆိုတော့ ရေရှည်အဆင်မပြေလောက်ဘူးလေ ။ ပြီးတော့ သူ့ရဲ့ အိမ်အစစ်က လုံးဝမိုက်တဲ့ဟာ ၊ သူ့မိသားစုနဲ့တူတူလိုက်မသွားဘဲ ငါတို့ဘေးအိမ်မှာနေနေတာ မရိုးသားဘူးလေ "
" အေးလေ ငါ့ကိုတွေ့ချင်လို့နေမှာပေါ့ ဟိဟိ "
နင့်ကိုတွေ့ချင်တာမဟုတ်ဘဲ ငါ့ကိုဖွန်ချင်နေတာ မမရဲ့ ! Nicholasက စိတ်ထဲကပဲ အော်ပစ်လိုက်တော့တယ် ။
" Nicholas ! "
ခြံရှေ့က အော်သံတိုးတိုးကြောင့် Nicholasက နှုတ်ခမ်းတွေကော့ပျံသွားတာများ ထိန်းမရလောက်အောင် ။
" မမ ငါHaruaနဲ့လိုက်သွားဦးမယ် "
ခြံထဲမှာ အသင့်ထောင်ထားတဲ့ စက်ဘီးအဝါလေးကို တွန်းရင်း Nicholasက သူ့ရဲ့ နွေဦးလေး Haruaကို အပြုံးကြီးကြီးတစ်ခုနဲ့ နှုတ်ဆက်တယ် ။ ဒါပေမယ့် ပြန်မပြုံးပြဘဲ အကြောင်သားငေးနေတဲ့ Ruaက သူ့ကို စိုးရိမ်စေပါတယ် ။
YOU ARE READING
𝙊𝙣𝙘𝙚 𝙄𝙣 𝘼 𝙇𝙞𝙛𝙚𝙩𝙞𝙢𝙚 (𝙆.𝙉𝙞𝙘𝙝𝙤𝙡𝙖𝙨)
FanfictionNothing much, Just Nicholas being K's once in a lifetime ✨ &TEAM KNicho Burmese fanfiction