2

341 40 5
                                    

တစ်စုံတစ်ယောက်ကို နာနာကျင်ကျင်မုန်းလွန်းလို့ သေတော့မည်ဟု ခံစားဖူးသလား ။
ပြီးတော့ အဲ့ဒီ့တစ်စုံတစ်ယောက်က ကိုယ့်ကိုလက်ထပ်ထားသည့်အခါမျိုးမှာပေါ့ ။

" ညစာရပြီ "

ကြည့် ...အဲ့ဒီ့အမျိုးသားဟာ အမှတ်သည်းခြေရော ရှိရဲ့လား ။ ဘယ်တုန်းကမှ မျက်နှာချင်းဆိုင်ပြီး ထမင်းစားဖူးလို့ ဝတ္တရားမပျက်ခေါ်နေရတာတဲ့လဲ ။

Nicholasက ပါးစောင်ကိုလျှာနဲ့ထိုးရင်း ခပ်ဆတ်ဆတ်ပြန်အော်သည် ။

" မစားဘူး "

" အင်း .. ကိုယ် အပြင်သွားစရာလေးရှိလို့ တံခါးသော့ခတ်ခဲ့မယ်နော် ။ စားနှင့် "

ကြည့် မစားဘူးလို့ပြောနေတာ နားမပါပြန်ဘူးလား Koga Yudaiက ... ။

စိတ်မြန်လက်မြန်ရှိသည့်Nicholasက အခန်းပြင်ထွက်လာရင်း စားပွဲပေါ်က Sticky noteကိုမြင်တော့ တုံ့ခနဲ ။

" ကိုယ့်မေမေထည့်ပေးလိုက်တာတွေပါ စားလိုက်ဦး ။ ကိုယ်ချက်တာမဟုတ်ဘူး "

Nicholasက sticky noteကို လုံးချေရင်း အမှိုက်ပုံးထဲလွှင့်ပစ်လိုက်သည် ။ လက်တည့်တာမို့ တန်းခနဲဝင်သွားတဲ့အမှိုက်ကိုကြည့်ရင်း ခဏတော့ ဝမ်းသာမိပေမယ့် တကယ်ကို ခဏလေးပဲ ... ။

ဒါ Koga Yudaiရဲ့ အိမ် ...၊
နည်းနည်းမှ သက်တောင့်သက်သာမရှိဘူး ။

ပျင်းရိပျင်းတွဲနဲ့ TVထိုင်ကြည့်နေတုန်းမှာပဲ အဲ့ဒီ့လူပြန်ရောက်လာတယ် ။ လက်မှာအထုတ်အပိုးတွေအပြည့်နဲ့မို့ တစ်ပတ်စာစျေးဝယ်လာတာမှန်းရိပ်မိပေမယ့် Nicholasက ထမဆွဲပေးပါ ။

" ကိုယ်က မင်းအိပ်သွားပြီထင်နေတာ "

" ဒီအချိန်ပဲရှိသေးတာ အိပ်စရာလား "

နည်းနည်းမှ ရိုကျိုးသံမပါတဲ့ ခပ်ဆတ်ဆတ်လေသံဟာ Koga Yudaiကို ဒေါသမထွက်စေပုံပါပဲ ။ ကလေးဆိုးကို ချော့ချင်တဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ဟန်ပန်မျိုးနဲ့ Kက နွမ်းဖတ်ဖတ်ပြုံးလာရဲ့ ။

" အင်းပါ .. Nichoရဲ့ ၊ ဒါနဲ့ဟင်းက အရသာရှိရဲ့လား "

" မစားပါဘူးလို့ပြောနေတာ ခင်ဗျားက နားမပါတာလား ။ ဟုတ်ပါတယ်လေ .. ခင်ဗျားကလူစကားနားမလည်တာ အခုကျမှမဟုတ်တာ ၊ ကျွန်တော့်ကိုခိုးလာတုန်းကလဲ ဒီလိုမျိုး - "

𝙊𝙣𝙘𝙚 𝙄𝙣 𝘼 𝙇𝙞𝙛𝙚𝙩𝙞𝙢𝙚 (𝙆.𝙉𝙞𝙘𝙝𝙤𝙡𝙖𝙨)Where stories live. Discover now