8

216 34 7
                                    

" Koga Yudai .. ဒီလူဘာတွေလုပ်နေလို့ အခုထိပြန်မလာသေးတာလဲ "

Nicholasက ရေခဲတွေအရည်ပျော်လို့ အရသာပြယ်နေလောက်ပြီဖြစ်သော Americanoကိုရော ၊ သူပျင်းလို့ တတိတိစားနေရင်း ကုန်ခါနီးပြီဖြစ်သော Green tea cakeကို ကြည့်ရင်း ဆောင့်အောင့်ရေရွတ်သည် ။

သူစိတ်တိုတာလဲ လွန်တော့မလွန် ၊ ခါတိုင်းဆို အိမ်နဲ့ကျောင်း ၊ ကျောင်းနဲ့ အိမ်ပဲ လွန်းပြန်သလို သွားလာတတ်သည့် Kဟာ အခုဆို ညရှစ်နာရီအထိ ပြန်မလာသေးတာမလား ။

မင်းကို ဘယ်သူကစောင့်ခိုင်းလို့လဲလို့ မေးရင်တော့ Nicholasမှာ ဖြေစရာရှိမနေပြန် ။ ဒီအတိုင်း မြင်နေကျဖြစ်သောKကို မမြင်ရတာ သူ့စိတ်ထဲ တအားအနှောင့်အယှက်ဖြစ်ရသည် ။

" Ting Tong "

" ခင်ဗျား ဘာတွေလုပ်နေလို့ ဒီအချိန်ထိ အဲ - "

တံခါးကို အပြေးအလွှားသွားဖွင့်ရင်း ဆူပူတော့မလို့ လုပ်နေသည့် Nicholasဟာ Koga Yudaiနဲ့ အတူတွဲမြင်လိုက်ရသည့် အမျိုးသမီးကြောင့် ပါးစပ်ဟာ တိခနဲ ။

" တီချယ့်ကိုသိတယ်မလား ။ Kတအားမူးနေလို့ လိပ်စာမနည်းမေးပြီး ခေါ်လာတာ ။ ဟဲ့ Kထဦး ၊ ဒါ နင့်အိမ်လား "

ပထမဆုံးအနေနှင့် Nicholasဟာ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲမမြင်တတ်သော စောက်ပိန်းတစ်ယောက်မဟုတ်တာ ဝန်ခံပါရစေ ။ ဆရာဝန်တစ်ယောက်ကို Strip clubမှာမြင်ရရင်တောင် အံ့သြမည်မဟုတ်သလို ၊ ဆရာတစ်ယောက်ကို အရက်သောက်လို့ ၊ မူးနေလို့ဆိုပြီး နည်းနည်းမှ အထင်သေးမည်မဟုတ်ပါ ။

ဒါပေမယ့် Koga Yudaiကတော့ မရဘူးလေ ။ Professor K၏ ကျောင်းသား Nicholas အနေနှင့် မဟုတ်ဘဲ Koga Yudai၏ အမျိုးသား Nicholas Wang အနေနဲ့ သူ ဒါကို မတရားစိတ်ဆိုးပါသည် ။

အဲ့တာကြောင့်ပဲ Koga Yudai၏ ခန္ဓာကိုယ်အလေးကြီးကို ဆွဲလုထားလိုက်ပြီး မျက်လုံးတောင် အနိုင်နိုင်ဖွင့်နေရသည့် Koga Yudaiကို မကျေမချမ်း မျက်လုံးတွေနဲ့ ကြည့်မိရသည် ။

" ကျေး ဇူး Ziyin "

" ကျေးဇူးတင်ရင် အဖြေလွှာတွေကူစစ်ပေး "

ဒီလို နှစ်ယောက်သား စကားတွေပြောနေတာ Nicholasက နည်းနည်းတောင် ဆက်မကြည့်နေနိုင်တော့ ။ အိပ်ချင်နေသည့် Kကို အကြောင်းပြပြီး အိပ်ခန်းထဲ အတင်းဆွဲခေါ်လာလိုက်သည် ။ ဘယ်လိုနည်းနဲ့မှ သူ့ခြေထောက်နဲ့သူ ထွက်မလာနိုင်မှန်းသိတာတောင် တံခါးကို lockပါချခဲ့သည် သူ့စိတ်ကို နားမလည် ။

𝙊𝙣𝙘𝙚 𝙄𝙣 𝘼 𝙇𝙞𝙛𝙚𝙩𝙞𝙢𝙚 (𝙆.𝙉𝙞𝙘𝙝𝙤𝙡𝙖𝙨)Where stories live. Discover now