" ချီးပဲ ဘယ်ရောက်နေတာလဲ .. "
Nicholasက စူးကိုက်နေတဲ့ ခေါင်းကို တဆတ်ဆတ်ခါရမ်းရင်း မျက်မှောင်ကြုံ့လိုက်မိသည် ။ ထင်းလင်းနေတဲ့အခန်းထဲမှာ အလင်းရောင်က အချိန်အတန်ကြာ မှေးမှိတ်ထားရတဲ့ သူ့မျက်လုံးတွေကို ခဏတာစူးစေသည် ။
Nicholas ဦးနှောက်ကို အသည်းအသန်အလုပ်ပေးရင်း ပြန်စဥ်းစားမိတော့ မနက်ဖြန် သွားရမယ့် ခရီးအတွက် သူလိုအပ်သည့် တစ်ကိုယ်ရည်အသုံးအဆောင်များ ဝယ်ဖို့ Haruaနဲ့အတူ ကုန်တိုက်ရောက်နေခဲ့တာဖြစ်သည် ။ အထုတ်အပိုးတွေအရမ်းများနေတာမို့ Taxiငှားဖို့လုပ်နေတုန်းမှာ တစ်စုံတစ်ယောက်က သူ့နှာခေါင်းဝကို အနံ့စူးစူး အဝတ်စတစ်စ လာတေ့ပေးလိုက်တာပဲ သတိရလာပါသည် ။
ဒါဆို Rua .. Rua ရော ။
မေးခွန်းပေါင်းများစွာ ပြည့်ကျပ်နေသည့် Nicholasက ရှည်ရှည်ဝေးဝေးတွေးမနေဘဲ ကြိုးနဲ့တွဲချည်ခံထားရသည့် သူ့လက်ကောက်ဝတ်ကို အတင်းဖြုတ်ဖို့သာ ကြိုးစားမိကာ ... ၊အခုမှ သူဝတ်ထားသည့် Suitကို သတိထားမိပြီး Nicholasက တအံ့တသြ ။
ဒီလိုတွေအထိ လုပ်ထားတယ်ဆိုရင် ဒါ Koga Yudaiကလွဲပြီး တစ်ခြားသူမဖြစ်နိုင်ပါ ။ ဒီ သောက်ရူးကောင်ဟာ တကယ်ရူးနေတာဖြစ်ပုံရ .. ။
Koga Yudaiကိုလေ သူဘယ်လောက်အထိ မုန်းမိသွားလဲဆိုတာ စကားလုံးတွေနဲ့ ဖော်ပြလို့တောင်ရမှာမဟုတ်ဘူး ။ သူတစ်ကိုယ်လုံး နတ်ဆိုးဆီမှာ အလဲအထပ်လုပ်လိုက်ရရင်တောင် Nicholasက Kကို သိပ်မုန်းတဲ့အကြောင်း ကျိန်တွယ်မိဦးမှာ ။
" နိုးလာပြီပဲ Nicho "
" ခင်ဗျား ဘယ်လို စောက်ရူးအလုပ်တွေလုပ်ထားတာလဲ ။ ကြိုးဖြည်ပေး "
" အင်း ဖြည်ပေးမှာပါ ။ မင်းက တအားရုန်းထားတာကို Nichoရဲ့ !မင်းရုန်းသမျှပိုနာမှာ "
Kဟာ ပြုံးထေ့ထေ့ရယ်ရင်း ကြိုးရာကြောင့်ပွန်းနေသည့် Nicholasရဲ့ လက်ကောက်ဝတ်ကို တယုတယကိုင်တွယ်လာသည် ။
" အစကတည်းက မရုန်းခဲ့ရမှာ Nicholas ။ ကိုယ်က ဒီကြိုးလိုပဲလေ ၊ မင်းငြိမ်နေရင် သက်သာမှာဖြစ်ပြီး ရုန်းနေသမျှတော့ မင်းနာကျင်ရမှာပဲ ။ မင်းကို ကိုယ်သေမှလွှတ်ပေးမှာပဲ "
YOU ARE READING
𝙊𝙣𝙘𝙚 𝙄𝙣 𝘼 𝙇𝙞𝙛𝙚𝙩𝙞𝙢𝙚 (𝙆.𝙉𝙞𝙘𝙝𝙤𝙡𝙖𝙨)
FanfictionNothing much, Just Nicholas being K's once in a lifetime ✨ &TEAM KNicho Burmese fanfiction