ep 6

1.8K 124 47
                                    

    မနေ့ညနေက ရေအကြာ ကြီးစိန်လိုက်လို့ ကိုယ်နွေကာ တချီချီဖြစ်နေတဲ့ကလေးကြောင့် ထယ်ယောင်းမှာ တစ်ညလုံးခေါင်းခဲရပြန်သည်    မိုးလင်းခါနီးမှအိပ်ပျော်သွားရှာတဲ့ကလေးငယ်ကြောင့်ထယ်လဲ ထိုအခုမှ အနားယူရသည် ဒါပေမဲ့လဲ ကြာကြာအနားမယူနိုင် အားလပ်ရက်က ကုန်သွားပြီမို့ ဒီနေ့ ကုမ္ပဏီသွားရအုံးမည် နောက်ထွက်မဲ့အခွေအသစ်အတွက်လုပ်စရာ ရှိတာတွေလုပ်ရအုံးမယ် သူချင်းရေးဆရာတွေနဲ့လဲ ချိန်းထားတာမို့ မသွားလို့မဖြစ်ပြန် ကလေးကိုလဲ မထားခဲ့ချင် ထိုအ​​ခြေနေနှစ်ခုကြား ထယ်ယောင်း အကြပ်ရိုက်နေရသည်  

     တစ်နာရီလောက်အိပ်စက်အနားယူပြီးနိုးလာတော့ ရင်ခွင်ထဲက ကလေးငယ်လေးကတော့ နှစ်နှစ်ချိုက်ချိူက်ကို အိပ်ပျော်နေရှာသည်  ကလေးကို ခေါင်းအုံးပေါ်အသာရွှေ့ကာ နာဖူးလေးနဲ့ ပါးနုနုလေးကို ခပ်ဖွဖွအနမ်းခြွေရင်း     မျက်နှာသစ်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်  

     မီးဖိုထဲဝင်ပြီး ကလေးအတွက် ခရုဆန်ပြုတ်လေးနဲ့  သူ့အကြိုက် banana milk လေးကို ငှက်ပြောသီးနဲ့ ကိုယ်ဆိုင်ဖျော်ပြီး ပြင်ဆင်လိုက်သည် ပြီးတော့  ကို့အတွက်ကိုတော့ ပါမုန့်မီးကင် နှစ်ချက်နဲ့ ကြည်ဥတစ်လုံးကြော်ကာ ကော်ဖီ ခါးခါး တစ်ခွက်ကိုဖျော်လိုက်သည်  အားလုံးပြင်ဆင်ပြီးတော့ အဆင်သင့် ဗန်းလေးထဲ ထည့်ကာ အိပ်ပူတ်လေးကိုနှိုးရန် အပေါ်ပြန်တတ်ခဲ့လိုက်တော့သည်

       ကိုယ်တိုင်ကျွေးပြီးဆေးတိုက်သွားမှ  မဟုတ်ရင် အန်တီလေးတို့နဲ့ဆို အဲ့ကလေးက ဆန်ပြုတ်လဲသောက်မှာမဟုတ်သလို ဆေးလဲသောက်မှာ မဟုတ်ဘူးဆိုတာ သိနေတယ်လေ အိပ်ယာဘေးက စားပွဲပေါ်ကို မုန့်ဘန်းလေးတင်လိုက်ပြီး ကုတင်ပေါ်တတ်ကာ ကလေးငယ်ကို လှုပ်နှိုးလိုက်သည်

V: ကူးငယ်    ထပါအုံး ခဏ မုန့်စားပြီးဆေးသောက်ရအောင် ပြီးမှ ပြန်အိပ်နော်

    မျက်လုံးကို အတင်းဖွင့်နေရတဲ့ကလေးငယ်က တော်တော်အိပ်ချင်နေပုံ   ဒါပေမဲ့လဲစကားနားထောင်စွာ ထ ထိုင်လိုက်တာကြောင့်  မျက်နှာသစ်ပေးရန် ရေဇလုံကို ကိုယ်တိုင်သွားယူလိုက်သည်

Daddy(Complete) Where stories live. Discover now