ရုံးတော်အတွင်းလူဆုံတာနဲ့ တရားသူကြီးဖြစ်သူလဲရောက်လာကာ နှစ်ဖက်ရှေ့နေတွေက အမှုစစ်ခြင်းကို စတင်ကြသည်
ရှေ့နေ : ကင်မ်ထယ်ယောင်းရှိ mr jeon ကိုသတ်ကာ သူ့ရဲ့သားဖြစ်သူကို ၁၅ နှစ်လုံးလုံ ဖမ်းဆီးထားတယ်ဆိုတာ ဝန်ခံပါသလားး
ရှေ့နေကြီးရဲ့အမေးကို ဘားမှအဖြေပြန်မပေးဘဲ ကျွန်တော့်ကိုသာစိုက်ကြည့်နေတဲ့ ဒယ်ဒီ
ရှေ့နေ : တရားရုံးတော်ကို အဖြေ ပြန်ပေးပေးပါ ကင်မ်ထယ်ယောင်းရှိ
V: ကျွန်တော့်မှာ ဘားမှဝန်ခံစရာမရှိပါဘူး ကျွန်တော် ဘာအမှားမှ မကျူးလွန်ထားဘူး
ရှေ့နေ : ထယ်ယောင်းရှိက အမှားမကျူးလွန်ဘူးပြောပေမဲ့ ဂျွန်ဂျောင်ဂုကထယ်ယောင်းရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ၁၅ နှစ်လုံးခံ ခဲ့ရပါတယ်လို့ သက်သေထွက်ဆိုခဲ့တယ်လေ
V: ကျွန်တော်သူ့ရဲ့ ထွက်ဆိုချက်ကို ကြားချင်တယ် သူပါးစပ်ကနေ ကျွန်တော့်အပေါ်ကိုဘယ်လိုဆွဲချက်တွေ တင်ထားလဲ သိရမှ ကျွန်တော့်အပစ်တွေကို ကျွန်တော် ဝန်ခံလို့ရမှာလေ ဒါကြောင့် အခု ဒီနေရာ ကျွန်တော့်အရှေ့မှာ သူ့ကို ပြန်ပြီး သက်သေထွက်ဆိုခိုင်းပေးပါ
mr kim:သား မင်းဘာတွေပြောနေတာလဲ
ဒယ်ဒီ့ရဲ့အပြောကြောင့် ရုံးတော်ထဲ ကလူတွေက ရုပ်ရုပ်သဲသဲ ဖြစ်လာကြသည် ဒယ်ဒီက ကျွန်တော့်အကြောင်းကောင်းကောင်းသိသားဘဲ ကျွန်တော်သူ့အရှေ့မှာသူ့ကို အပစ်တင်တဲ့ ဆွဲချက်တွေ မပြောနိုင်ဘူးဆိုတာသိလို့ အခုလိုလုပ်တာ
ရှေ့နေ: ကောင်းပါပြီ ဒါဆို ဆွဲချက်တွေကို တစ်ခါပြန်နားထောင်ကြတာပေါ့
ရှေ့နေကြီးက ကျွန်တော့်ကို ခုံရုံး ရှိရာစီ လာခိုင်းကာ ကျမ်းကျိန်ဆိုရန်ပြောသည် ကျွန်တော် ကြောက်သည် ကျွန်တော် ဒါတွေမလုပ်နိုင်ဘူး ဒယ်ဒီ့ရှေ့တည့်တည့်ရပ်ပြီး ဒယ်ဒီ့မကောင်းကြောင်း ဘယ်လိုမှ မပြောထွက်နိုင်ဘူး
ရှေ့နေ : jeon jungkook shi. ဟောဒီ့ကတရားခံ ကင်မ်ထယ်ယောင်းက ခင်များကို မိဘတွေဆီကနေ လုယူပြီး ၁၅ နှစ်လုံးလုံ အိမ်ကြီးတစ်အိမ်ထဲမှာ ဘယ်သူနဲ့မှအဆက်သွယ်မရှိစေဘဲ ပိတ်လှောင်ထားတယ်ဆိုတာ ဟုတ်ပါသလား
YOU ARE READING
Daddy(Complete)
FanfictionTaehyung: မင်းရဲ့ဘဝမှာ ကိုယ်ရှိနေရင် လုံလောက်သင့်ပြီဘေဘီ ဘယ်သူ့ကိုမှ ထက်ပြီး တမ်းတနေစရာမလိုတော့ဘူး kook: ဒယ်ဒီက ကျွန်တော့်ကို ငှက်ကလေးတစ်ကောင်လို လှောင်အိမ်ထဲ ဖမ်းချုပ်ထားတယ်ဆိုရင်တောင် အဲ့လှောင်အိမ်ထဲမှာ ကျွန်တော်ကိုယ်တိုင်ပျော်မွေ့ခဲ့တယ်ဆိ...