ep 10

1.3K 104 20
                                    

jimin တစ်ယောက် ထယ်ယောင်းပေးလိုက်တဲ့စာရင်းစာရွက်လေးကိုကိုင်ကာ မော်လ်တစ်ခုထဲလိုက်ပတ်ရှာဝယ်နေရသည် ရေးထားတဲ့ဟာတွေကလဲ အတော်ကိုများသကိုး ဒါပေမဲ့ သရေဆာမုန့်တွေကြီးသာ

banana milk. 10 ကဒ်

အာလူးကြော် အထုတ်ကြီး ၂ ထုတ်

ပဲခေါက်ဆွဲ ဘူးက ၅ဘူး

ငါးမုန့်ကြော်က ၃ ထုတ်

ရေခဲမုန့်က ဘူးကြီး ၂ ဘူး

ချောကလက် ကိတ်မုန့် တော့ပိုကီ စတဲ့ မုန့်အဆုံကိုချရေးထားတာဘဲ ဒါပေမဲ့ ဒီမုန့်တွေဟာ ဟိုးငယ်ငယ်ထဲက ထယ်ယောင်းတစ်ခါမှစားလေ့မရှိတဲ့ အစားစာတွေကြီးဘဲသာ ဒါကြောင့် ဒါတွေအားလုံး ဟိုကလေးငယ်အတွက်သာဖြစ်မည် လွန်ခဲ့တဲ့ ၁၅ ထဲကနေအခုမှဘဲ ပြန်ပြီး ထိုကလေးအတွက်မုန့်ဝယ်ပေးရတော့သည် ပျော်လိုက်တာ ကလေးငယ်ငယ်ကကြိုက်တတ်တဲ့ ချိုချဥ်နဲ့ ပီကေ ကိုပါ ကို့ပိုက်ဆံနဲ့ကို စိုက်ဝယ်ပြီး ထည့်ပေးလိုက်သည်

ပစ္စည်းတွေဝယ်ပြိီးနောက်မှာတော့ ထယ်ယောင်းအိမ်လေးဆီ ပျော်ပျော်ရွှင်ရွှင်ကားမောင်းလာလိုက်သည် အစောင့်အကြပ်များစွာကို ထယ်ယောင်းပေးထားတဲ့ ကဒ်လေးနဲ့ကြော်ဖျက်ပြီး နောက်ဆုံး မှာတော့ ထိုကလေးရှိရာ နေရာလေးဆီ ရောက်လို့လာခဲ့ ပြီ စင်ဝန်အောက်မှာ ကားရပ်လိုက်တာနဲ့ အိမ်ထဲကနေ ပြေးထွက်လာတဲ့ ကလေးငယ်

kook: daddy

ထယ်ယောင်းပြန်လာတယ်အထင်နဲ့ ပြေးထွက်လာပေမဲ့ ကားပေါ်ကဆင်းလာသူဟာ ကျွန်တော်ဖြစ်နေတော့ အိမ်ပေါက်ဝမှာတင် ရပ်တန့်သွားတဲ့ ထိုကလေးရဲ့ ခြေလှမ်းတွေ လွန်ခဲ့တဲ့ ၁၅ နှစ်ကလဲ ကျောင်းပြန်ချိန်ဆို အခုလိုပြေးထွက် ကြိုတတ်တဲ့ kookie လေး ဟာ ဘားမှမပြောင်းလဲသေး တစ်ခုဘဲ အခုအချိန်မှာသူထွက်ကြိုတဲ့လူဟာ ကျွန်တော်မဟုတ်ဘဲ ထယ်ယောင်းဖြစ်နေခဲ့တာလေးတစ်ခုပါဘဲ

jm: ထယ်ယောင်းကနောက်ကျမှာမို့ ကိုယ့်ကိုမုန့်တွေ ဝယ်ပြီး ပို့ခိုင်းလိုက်လို့

kook: aww ဟုတ်ကဲ့ဗျ လာလေ hyung အိမ်ထဲဝင်ပါအုံး

jm: omm.

Daddy(Complete) Where stories live. Discover now