ထယ်ယောင်းတို့ရဲ့ မင်ဂလာပွဲလေးဟာ ပျက်သွားတာကြောင့် ထယ်ယောင်းက နောက်တစ်ခါ ပြန်စီစဥ်ချင်ပေမဲ့ ကူးလေးက နောက်ထက်မင်ဂလာပွဲ မလုပ်ချင်တော့ဘူးဟုဆိုတာကြောင့် ကလေးသဘောကြ နောက်ထက် ထပ်မလုပ်ပေးဖြစ်တော့ ကူးလေးက ကြုံတွေ့ခဲ့ရတာတွေကို အလွန်ပင်ကြောက်သွားပုံ အေးပေါ့လေ သူ့ဘဝတစ်ခုလုံး ပျက်မလိုဖြစ်ခဲ့တာဘဲဟာ ကလေးသိပ်လန့်သွားရှာမှာပေါ့
ဒါကြောင့် အဖြစ်ပျက်တွေအားလုံး ပြီးစီးကာ ကူးလဲအရာအားလုံးပုံမှန်ပြန်ဖြစ်တဲ့အချိန် ၂လလောက်ကြာမှ နှစ်ဘက်မိဘရှေ့မှာဘဲ ထယ်ယောင်းတို့ရဲ့မိသားစုရှေ့နေကြီးကိုခေါ်ကာ ကူးနဲ့နှစ်ဦးသဘောတူ လက်ထက်စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်သည်
အားလုံးက ကျွန်တော်တို့နှစ်ယောက်အတွက် အလွန်ပင်ပျော်ရွှင်နေကြလေရဲ့ appa ဟာလဲ ကူးသဘောမကြတဲ့ လူဆိုးဂိုဏ်းအလုပ်တွေကို မလုပ်တော့ပါဘူးဟု ကူးကိုကတိပေးရှာသည် ဒီအဖြစ်ပျက်ကြီးကို ကူးကတော်တော်ကြောက်သွားရှာတာလေ ဒါကိုမြင်တော့ appa ဟာလဲစိတ်မကောင်း ဒါကြောင့် ကူးနေပြန်ကောင်းတဲ့အချိန်မှာဘဲ ကူးကို ထိုကတိပေးခဲ့တာ အခုတော့ ဂိုဏ်းကလူတွေအားလုံးကိုလဲ ထောက်ပံ့သင့်သလောက် ထောက်ပံ့ပြီး ကောင်းရာမွန်ရာ လုပ်စားစေသည်
appa ကတော့ သူ့သူငယ်ချင်းတစ်ချို့ရဲ့ အကြံပြုချက်အရ လာမဲ့ရွေးကောက်ပွဲမှာ နိုင်ငံရေးအမတ် ဝင်အရွေးခံမည်ဟုဆိုသည်
ထယ်ယောင်းဟာလဲ လက်ထက်စာချုပ်မှာ လက်မှတ်ထိုးပြီးထဲက ကလေးငယ်ကို ကတိတစ်ခုပေးခဲ့သည် ဒါကတော့ နောက်ထက် ဘယ်လိုအချိန်မျိုးမှာဘဲ ဖြစ်ဖြစ် ဒေါသကိုရှေ့တန်းတင်ပြီး ကူးကိုတစ်ယောက်ထဲ မထားခဲ့တော့ပါဘူးဆိုတဲ့ ကတိပေါ့
ထယ်ယောင်းနဲ့ appa ရဲ့ ပြောင်းလဲမှုတွေနဲ့ ကတိတွေက်ို ကူးလေးက သိပ်သဘောကြခဲ့တယ်လေ သူဖြစ်စေချင်တဲ့အတိုင်း လူကောင်းတွေအဖြစ်ပြောင်းလဲပေးလို့ ကျေးဇူးတင်ပါတယ် တဲ့
ထယ်ယောင်းဟာ အနုပညာအလုပ်တွေကိုလဲ ဆက်မလူပ်တော့ဘူးဟု စဥ်းစားထားပေမဲ့ ပရိတ်သတ်တွေဟာ ထယ်ယောင်းနဲ့ ကူးရဲ့ မင်ဂလာကိစ္စကို လက်ခံလာတဲ့အပြင် ထယ်ယောင်းကိုပါ အနုပညာလောက ကနေ ထွက်မသွားမို့ တောင်းဆိုလာကြသည် ဒါတွေကို မြင်တဲ့ ကူးငယ်လေးကလဲ ထယ်ယောင်းကို သူမြတ်နိုးတဲ့အလုပ်ကို မစွန့်လွှတ်ဖို့ ပြောပြန်သည် သူ့ကြောင့် ကျွန်တော်ချစ်တဲ့ ပရိတ်သတ်တွေနဲ့ ခွဲရရင်သူအရမ်းစိတ်မကောင်း ဖြစ်မိမှာတဲ့လေ
YOU ARE READING
Daddy(Complete)
FanfictionTaehyung: မင်းရဲ့ဘဝမှာ ကိုယ်ရှိနေရင် လုံလောက်သင့်ပြီဘေဘီ ဘယ်သူ့ကိုမှ ထက်ပြီး တမ်းတနေစရာမလိုတော့ဘူး kook: ဒယ်ဒီက ကျွန်တော့်ကို ငှက်ကလေးတစ်ကောင်လို လှောင်အိမ်ထဲ ဖမ်းချုပ်ထားတယ်ဆိုရင်တောင် အဲ့လှောင်အိမ်ထဲမှာ ကျွန်တော်ကိုယ်တိုင်ပျော်မွေ့ခဲ့တယ်ဆိ...