ep 11

1.2K 104 20
                                    

အဟွတ် အဟွတ် အဟွတ်

တစ်ပတ်လောက် jimin hyung ပေးခဲ့တဲ့ ချိုချဥ်တွေ စုပ်လုံးတွေ ပီကေတွေကို စိတ်ကြိုက်စားပြီးနောက်မှာတော့ kookie တစ်ယောက်ချောင်းဆို​နေရပြီလေ ဖြစ်ချင်တော့ ဒယ်ဒီကလဲ ဒီနေ့ sunday မို့ အိမ်မှာဘဲတနေကုန်ရှိနေပြန်တယ် ချောင်းဆိုးနေတာ ဒယ်ဒီမသိအောင် တမနက်လုံးပတ်ရှောင်နေပေမဲ့ အခုထမင်းစားချိန်မှာတော့ ပတ်ပင်းတိုးတာမို့ ဘယ်လိုမှရှောင်မရတော့ ချောင်းမဆိူးမိအောင် ထိန်းထားပေမဲ့လဲ ဒယ်ဒိီ့ရှေ့ ရောက်ကာမှ ပိုလို့ပင် ဆိုးချင်တာတဲ့ ချောင်းက တကယ့်ကို အကျင့်မကောင်းဘူး ဟွင့်

V: ကူးငယ် ချောင်းတွေဆိုးနေတာလား မတည့်တာတွေ ဘာတွေလျှောက်စားပြန်ပြီလဲ

kook: အဟွတ် မ. မစားပါဘူး ဒယ်ဒီရဲ့ ချောင်းက သူ့ဟာသူဆ်ိုးတာပါ အဟွတ် အဟွတ်

စကားလေးတစ်ခွန်နှစ်ခွန်းပြောမို့ကိုတောင် ၃ ခါလောက်ဆိုးနေတဲ့ချောင်းကြောင့် ဒယ်ဒီ့ဒေါသထွက်နေပြီဆိုတာကူးသိတာပေါ့

V: မစားဘဲနဲ့တော့ အလဟသတ်ဆိုးစရာလားကွ ရေခဲမုန့်တွေ အလွန်အကျွန်စားပြန်ပြီလား

ပြောရင်းနဲ့ပင် အသံမာလာတဲ့ ဒယ်ဒီ့ကြောင့် ကူး ကြောက်စိတ်ကဝင်လာရသည် စုပ်လုံးတွေ စားမိလို့လို့များပြောလိုက်ရင် ကူးကိုအခုတောင် ထသတ်မလားဘဲ ကူးက ချိုချဥ် တွေစုပ်လုံးတွေနဲ့ လုံးဝမတည့်ဘူးလေ ဒါကြောင့် ဒယ်ဒ်ိကတစ်ခါမှ ဝယ်မကြွေးခဲ့တာ ဒါပေမဲ့လဲ ကူးကတော့အဲ့ဒါတွေ အရမ်းကိုကြိုက်တယ်လေ ဒါကြောင့် မျက်စိရှေ့ရောက်လာတော့မစားဘဲ မနေနိုင်တာပါ

V: daddy မေးနေတယ်လေ ကူးငယ်

kook: ဟင့် မဟုတ် မဟုတ်ပါဘူး ဒယ်ဒီ ကူး ရေခဲမုန့်နည်းနည်းဘဲ စားရသေးတာပါ တကယ်ပြောတာပါ ဒယ်ဒီမယုံရင် ရေခဲသေတ္တာထဲ မှာ ကြည့်လို့ရပါတယ်

ထယ်ယောင်း စားလက်စ ထမင်းပန်းကန်ကို ဒီတိုင်းထားကာ ချက်ချင်း ရေခဲသေတ္တာထဲ သွားကြည့်တော့ သူဝယ်ပေးထားတဲ့ ရေခဲမုန့်ဘူး နှစ်ဘူးဟာ တစ်ဘူးကဖောက်တောင်မဖောက်ရသေး နောက်တစ်ဘူးကလဲ နည်းနည်းလေးသာစားထားသည် ချောကလက်တွေဟာလဲ အနည်းငယ်သာစားထားသည်မို့ ဒါတွေကြောင့် ချောင်းဆိုတာမဟုတ်ဘူးဆိုတာ သိလိုက်ရသည် အမှန်တော့ ဒါတွေဟာအစထဲက စားစရှိတာမို့ ဒါတွေအကုန်စားရင်တောင် ချောင်းကမဆိုးပါဘူး အခုတော့ ဘယ်လိုဖြစ်ရတာလဲ မသိ တော့

Daddy(Complete) Where stories live. Discover now