ep 15

1.1K 98 11
                                    

       jimin banana milk ကိုတစ်ဘူးပြီးလို့နောက်တစ်ဘူး ဖောက်သောက်နေပြီဖြစ်သော ကလေးငယ်အား သေချာကြည့်ရင်း အတွေးနယ်ချဲ့နေမိသည် အခုချိန်မှာ သူကလေးကို ချစ်နေကြောင်းဖွင့်ပြောရင် ကလေးက လက်ခံပါ့မလား သူ့ကိုအခွင့်ရေးသမားလို့ မြင်သွားပြီးမုန်းသွားရင်ကော  ပြီးတော့ kookie ရင်ထဲမှာ ထယ်ယောင်းကရှိနေပြီးသားလူတစ်ယောက် ထယ်ယောင်းရဲ့နေရာကိုသူယူနိုင်ပါ့မလားလို့လဲ စိုးရိမ်မိသည်    ဟူး  ဘယ်လိုလုပ်ရပါ့မလဲ    

jm: kookie. 

kook:  ဗျာ  

jm: hyung kookie ကိုမေးစရာရှိတယ်

kook:  ဟုတ်မေးလေ hyung.

jm: hyung. ပြောတာကိုသေချာဂရုစိုက်ပြီးနားထောင်ပေးနော် ကလေး ပြီးတော့ မင်းရင်ထဲမှာ ရှိတဲ့အတိုင်းဆုံးဖြတ် ဘယ်သူ့ကိုမှမကြောက်နဲ့ကြားလား  

kook:  ဟုတ်   ဟုတ်ကဲ့ပါ hyung

jm: ကိုယ်      ကိုယ်     kookie ကိုချစ်တယ်  ကို့ကို ပြန်ချစ်ပေးနိုင်မလားကလေး  

kook: ဗျာ      

     jimin hyung ဆီက ရုတ်တရက်ထိုစကားကြားလိုက်ရတော့ ကူး ကြောင်အသွားတာအမှန် ကူးဘယ်လိုဖြေရမလဲ  တကယ်တန်းတော့အချစ်ဆိုတာဘာလဲ ကူးသေချာမသိ  ဟိုတလောကလဲ ဒယ်ဒီက သူ့ကိုချစ်လားလို့ ကူးကိုမေးခဲ့တယ် အခု jimin hyung ကမေးပြန်ပြီ 

    ကူး တကယ်ကို ဘာပြန်ပြောရမလဲ  မသိတော့ဘူး    hyung ကိုကူးအရမ်းကိုခင်ပါတယ် hyung ရဲ့ အလိုလိုက်မှုတွေ ဂရုနာသက်မှုတွေ ကြင်နာမှူတွေအပေါ် ကူးသာယာမိပါတယ် ဒါပေမဲ့ ကူးစိတ်ထဲမှာအမြဲ hyung ကို ကူးရဲ့အကိုတစ်ယောက်ဖြစ်ရင်သိပ်ကောင်းမှာဘဲလို့သာ တွေးခဲ့တာ  ဘယ်တုံးကမှ ချစ်သူရည်းစားဖြစ်ရင်ကောင်းမယ်လို့ ကူးမတွေးဖူးဘူး  

     ပြီးတော့ ဒယ်ဒီ   ဒီကိစ္စသာဒယ်ဒီသိသွားခဲ့ရင်  jimin hyung ကို အရှင်ထားမှာမဟုတ်ဘူး   ဒါကြောင့် ကူး အကိုလိုချစ်ရတဲ့ hyung ကိုအထိခိုက်မခံနိုင်တာမို့ အခုလိုအတွေးတွေ မတွေးတာ အကောင်းဆုံးဘဲ ဖြစ်မယ် hyung ရယ်   

kook:  hyung.    ကျွန်တော့်ကိုမချစ်ပါနဲ့ hyung ထိခိုက်နာကျင်ရလိမ့်မယ် ဒီစကားတွေကို ကျွန်တော် မကြားခဲ့ဖူးလို့ သဘောထားပေးမှာမို့ hyung ကလဲ အဲ့အတွေးတွေကို မေ့ပစ်လိုက်ပါတော့နော် ဒယ်ဒီသိရင် hyung အတွက် မကောင်းတာတွေဘဲ ဖြစ်လာလိမ့်မယ်  

Daddy(Complete) Where stories live. Discover now