ep 23

1.2K 97 6
                                    

jimin hyung နဲ့ kookie တို့ဆေးရုံရောက်သွားတော့ ကုတင်ပေါ်မှာလှဲ လျောင်းနေတဲ့ omma ခေါင်းမှာလဲ ပတ်တီးစီးထားရသည်

nurs: aww jimin ရှိတို့ရောက်လာကြပြီလား ဝင်ခဲ့လေ အန်တီက သတိရနေပြီ ​မှေးနေတာ..

jm: ဟုတ်ကဲ့

kook: omma

ကူးလဲ ကုတင်နားသွားကာ omma ကို အသံပြုလိုက်တော့ မျက်လုံးလေးဖွင့်ကြည့်လာတဲ့ omma တော်သေးတာပေါ့ omma ဘေးကင်းလို့

mrs jeon: မင်းတို့က ဘယ်သူတွေလဲ ကွဲ့

kook: ဗျာ omma သား သားတို့ကိုမမှတ်မိဘူးလားဟင် သားက omma ရဲ့သား kookie လေ ပြီးတော့ ဒါက jimin hyung လေ

mrs jeon: ဟေ ကောင်လေး မင်းလူမှားနေပြီ ထင်တယ် အဒေါ့်သားက ငယ်ငယ်လေးရှိသေးတာ ၃ နှစ်ဘဲ ရှိသေးတာ ပြီးတော့ ဒီကလေးကကော ဘယ်လိုလုပ် jimin ဖြစ်နိုင်မှာလဲ jimin လေးက အသက် ၁၀ နှစ်ဘဲ ရှိသေးတာလေ အယ် နေအုံး မင်းတို့အန်တီ့သားလေး kookie ကိုတွေ့လိုက်ကြသေးလား အခုဏ လူဆိုးတွေ kookie ကိုလာရှာပြီး ဖမ်းခေါ်သွားကြတယ်လေ အန်တီ့သားလေးကို ကယ်ပေးပါအုံးကွယ်

jm: တီလေး သတိထားပါအုံးဗျာ kookie က တီလေးအရှေ့မှာလေ ပြီးတော့ ခုဏတီလေးပြောနေတဲ့ အဖြစ်ပျက်တွေ ဖြစ်ခဲ့တာ ၁၅ နှစ်လောက်ရှိပြီဗျ တီလေးရဲ့သားကို ကျွန်တော် အဲ့ဒီ့လူဆိုးလက်ထဲကနေ ပြန်ကယ်ထုတ်လာခဲ့ ပြီလေ သေချာစဥ်းစားကြည့်ပါအုံး တီလေးရဲ့

ထိုအခါမှ kookie ကိုသေချာကြည့်ကာ စဥ်းစားဟန်ပြုပြီး သား ဟုဆိုကာ kookie လေးကိုဖက်ပြီးနမ်းရှုံ့ရင်း ငိုနေရှာတဲ့ တီလေး ဂျွန်

mrs jeon.: omma ကိုခွင့်လွှတ်ပါ ကလေးရယ် ဟိုလူမဆန်တဲ့လူက omma သားလေးကို ရောင်းစားလိုက်တာကို omma ပြန်မရွေးနိုင်ခဲ့သလို အဲ့လူကိုလဲ ရဲမတိုင်ရဲခဲ့ဘူး omma သတ္တိမရှိခဲ့လို့ ငါ့သားလေးက သူများလက်ထဲ ရောက်ခဲ့ရတာ

kook: omma. omma ဘာတွေပြောနေတာလဲ ဘယ်သူက သားကိုရောင်းစားခဲ့တာလဲ

mrs jeon: လူတကာက သားဖေဖေလို့ သိထားတဲ့ mr jeon ဆိုတဲ့ လူကပေါ့

kook: ဗျာ သားကို appa ကရောင်းစားခဲ့တာလား

mrs jeon: ဟုတ်တယ်သား တကယ်တော့သူက သားဖေဖေ အရင်းမဟုတ်ပါဘူး သားဖေဖေက သားကိုယ်ဝန် ၇ လထဲက ဆုံးပါးသွားခဲ့တာ အဲ့ဒီ့မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့တဲ့ omma ကို သူကတာဝန်ယူပေးပါ့မယ်ဟုဆိုတာကြောင့် omma လဲသားလေးကို မိဆုံဖဆုံရှိစေချင်လို့ လက်ခံပြီး အဲ့လူနဲ့ လက်ထက်ခဲ့တာ

Daddy(Complete) Where stories live. Discover now