ep 8

1.4K 106 30
                                    

jimin တစ်ယောက်ထယ်ယောင်းအိမ်ကအပြန် အသီးနှံတစ်ချို့ဝယ်ကာစိတ်ကျန်းမာရေး ဆေးရုံတစ်ခုကိုလာလိုက်သည်  မကြာခဏလာနေကြမို့ ဆေးရုံကလူတွေကတောင်မှတ်မိနေသဖြင့် ဝင်လိုက်တာနဲ့ တွေ့တဲ့ နတ်စ်မလေးတွေက ပြုံးပြနှုတ်ဆက်သည်

နတ်စ် : ပတ်ဂျီမင်းရှိ အန်တီဂျွန့်ဆီ လာလည်တာလား

jm: ဟုတ်တယ် အမ အန်တီ အခန်းထဲမှာဘဲလား

နတ်စ် : ဟုတ်တယ် အခုဏဘဲ ညစာကြွေးပြီးအထဲပို့ခဲ့တာ  ဝင်သွားလိုက်နော်

jm: ဟုတ်ကဲ့ပါဗျ    

        နတ်စ်မလေးကိုနှုတ်ဆက်ကာ ထွက်လာလိုက်ပြီး အခန်းလေးတစ်ခုအရှေ့မှာရပ်လိုက်သည်      တံခါးလက်ကိုင်လေးကို အသာလေးဖွင့်ပြီးဝင်လိုက်တော့ ပြတင်းပေါက်အပြင်ဘက်က်ိုငေးကာ အခန်းကိုကြောပေးရပ်နေတဲ့ အန်တီဂျွန်   

jm: အန်တီ ဂျွန်   .

     ကျွန်တော်အသံပေးလိုက်တော့ လှည့်ကြည့်လာတဲ့ အန်တီ့မျက်ဝန်းတွေဟာ တစ်စုံတစ်ယောက်နဲ့တထေရာထဲတူညီတဲ့ သမင်မျက်လုံးဝိုင်းလေးတွေ

mrs jeon:  အော်  သားလေး အန်တီ့ဆီလာလည်တာလား   လာလေ ဒါနဲ့မင်းညီလေးကော   အန်တီ့သား kookie လေးကော သူ့ကိုဘာလို့မခေါ်လာတာလဲ ဘာလဲ သူအိပ်ပျော်သွားပြီလား  

        ဒါဟာ ဒီကိုလာတိုင်း အန်တီမေးနေကြမေးခွန်းလေးပင်   လွန်ခဲ့တဲ့ ၁၅ နှစ် kookie ပျောက်သွားထဲက အန်တီဂျွန်ဟာ kookie စိတ်နဲ့ ဘဲ စိတ်ရောဂါဆိုတဲ့ ဝေသနာစိုးကြီးကိုခံစားခဲ့ရတယ်   သူ့သားလေးကို ကျွန်တော်တို့ခေါ်ထားပါတယ်လို့ လိမ်ထားလို့သာ ငြိမ်နေရှာတာ    တခါတလေ kookie ကိုဖမ်းခေါ်သွားတာကို သတိပြန်ရရင် သောင်းကျန်းတတ်တဲ့ အကျင့်ကြောင့် အခုလိုဆေးရုံက်ိုပို့ကာ ဆေးကုသမှု ခံယူခိုင်းနေရတာပေါ့

jm: ဟုတ်တယ် အန်တီဂျွန်ရဲ့    kookie လေးက အခုကျောင်းတတ်နေတော့လေ ညဆိုစောစောအိပ်တယ် မနက်ဆို ကျောင်းသွားမို့စောစော ထရတယ်လေ  အဲ့ဒါကြောင့် မခေါ်လာတော့တာ နောက်တစ်ခါလာရင် ကျွန်တော် ခေါ်ခဲ့မယ်နော်  

mrs jeon:  အေးအေး     

jm: ဒီမှာ ကျွန်တော် အန်တီဂျွန် ကြိုက်တဲ့ ပန်းသီးဝယ်လာတယ် စားမယ်မှတ်လား ကျွန်တော်ခွဲပေးမယ် 

Daddy(Complete) Where stories live. Discover now