Ep-9

16 0 0
                                    

Park Jimin ..
လူအများသိထားကြတဲ့ မာဖီးယားခေါင်းဆောင်
Jung Kook ရဲ့ Sponsor အဖိုးကြီးပေါ့ သို့သော်တ
ကယ်တမ်းကတော့ အသက် ၃၀ အရွယ်လူလတ်ပိုင်း အောင်မြင်နေတဲ့လုပ်ငန်းရှင်တစ်ဦးပါ မျက်နှာ
လေးနဲ့မလိုက်အောင် ခက်ထန်ပီး မာကြောတဲ့သူ
သွေးအေးတဲ့သူ စကားလုံးတေအများကြီးနဲ့မပြော
တက်ပေမယ့် အကြည့်တစ်ချက်နဲ့တင် ပျာကျသွား
နိုင်တဲ့ သိပ်ကြောက်စရာကောင်းတဲ့လူသားပါ
Park Jimin ပြုံးတာကို ဘေးနားကဝန်ထမ်းတေတ
ခါမှတောင်မမြင်ဖူးဘူးဟု ဆိုကြသည် အဲ့လောက်
ထိကိုအေးစက်မာကြောတဲ့သူရယ်ပါ သူလိုလူမျိုးမှာ
လဲ သူ့ရဲ့အသက်ထက်အရေးကြီးပီး ဘဝတစ်ခုလုံး
ကာကွယ်ပေးချင်တဲ့ လူသားလေးတစ်ဦးတော့ရှိလို့
နေပါသေးသည်။

ဒေါက် ..ဒေါက်.. တံခါးခေါက်သံနဲ့အတူ ဝင်လာမယ်
နော်ဟုပြောကာ
" Jung Kook ခဏဝင်လာမယ် စကားပြောစရာရှိ
နေတာမို့ အချိန် ၅ မိနစ်ပေး" ဟုပြောရင်း ကုတင်
ဘေးမှာဝင်ထိုင်လိုက်သည်။ အိပ်ရာပေါ်မှာအိပ်မ
ပျော်နေပေမယ့် မျက်လုံးကိုသာဆက်မှိတ်ထားပီး
Jung Kook တစ်ယောက် Park Jimin ကိုဘာမှပြန်
မဖြေလိုက်ပါ ကျွန်တော်အိပ်မနေဘူးဆိုတာလဲ သူသိနေပါလိမ့်မည်။
" ကို မနက်ဖန် New York ကိုအလုပ်ကိစ္စခရီးထွက်ရ
မယ် တစ်ပတ်ကြာမယ် မင်းကိုခေါ်လဲလိုက်မှာမဟုတ်တာမို့ ကိုတစ်ယောက်ထဲပဲသွားဖို့လုပ်ထားတယ်
ကို မရှိတုန်း အေးအေးဆေးဆေးနေပါ Jung Kook
လိုအပ်တာအားလုံး ဦးလေး Nam နဲ့မှာထားခဲ့ပီးသားမို့ မင်းကဒီတိုင်းလေး ကျောင်းပုံမှန်သွားပီးအိမ်
မှာနားနေရုံပဲ ကို မရှိဘူးဆိုတာနဲ့မင်းထင်တိုင်းကြဲ
နေလို့မရဘူးဆိုတာတော့ သိတယ်မို့လား အိပ်ပျော်
မနေဘူးဆိုတာသိတာမို့ ကို့စကားတေကြားတယ်
လို့သတ်မှတ်ပီး စိတ်ချလိုက်မယ်နော် " သူ့ဘက်က
သာစကားတေ တရစပ်ပြောနေပေမယ့် Jung Kook
ဘက်မှ ဘာမှတုံ့ပြန်မှုမရှိ ဒါကလဲ ပုံမှန်လုပ်နေကြမို့
Jimin အတွက်ထူးပီးစိတ်တိုဖြစ်မနေတော့ပါ ဒီလူ
သားဟာဒီတိုင်းသူ့ဘေးမှာ အသက်ရှူနေပေးရင်ပဲရ
ပီမို့ သူအဆင်ပြေပါသည်။
" ကို သွားပီ လိမ်လိမ်မာမာနေ Good Night " ဟု
ပြောရင်း သူ့ခေါင်းကိုအသာရာတစ်ချက်ဖွပေးပီး
ပြန်ထွက်သွားခဲ့သည် ။ မကြိုက်ပါ Jung Kook
လုံးဝမကြိုက်ပါ ဒီလိုသူဘာလုပ်လုပ် ဒေါသတစ်
ချက်ထွက်မပြတဲ့ ပုံစံတေ သူမကြိုက်ပါ သွေးအေး
အေးနဲ့ သူဘာလုပ်လုပ် ငြိမ်ငြိမ်လေးဖြေရှင်းပီး သူ့
ဘေးနားကသူတေကို သူမသိလိုက်ခင်မှာပါ အားလုံးပျောက်ကွယ်သွားအောင် လုပ်လိုက်တာတေသူ
မကြိုက်ပါ ၊ ဒီလိုနဲ့ပဲ သူအထီးကျန်လာခဲ့ရတာမို့လား
" အဒေါ်ကြီး Jung Kook အခန်းထဲကို နွားနို့တစ်
ခွက်သွားပို့လိုက်ပါ အိပ်နေတာမဟုတ်တာမို့ ပူပူ
လေးသောက်ဖို့မှာခဲ့လိုက်ပါ " ဟုအဒေါ်ကြီးကိုမှာ
ပီး စာကြည့်ခန်းဘက်သို့ထွက်လာလိုက်သည် ။
စာကြည့်ခန်းထဲမှာ စာအုပ်တေဆွဲယူရင်းမှ ထွက်ကျ
လာသည့်ဓာတ်ပုံတစ်ပုံ သူကောက်ကိုင်လိုက်ရင်း
လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်လျက်
" တောင်းပန်ပါတယ် ဦးလေး ကျွန်တော်ဒီစကားက
လွဲပီးပြောစရာမရှိတာကိုလဲ အားနာပါတယ်
ခွင့်လွှတ်ပါလို့ပြောမှာမဟုတ်တဲ့အတွက် ဒီအတိုင်း
ကျွန်တော့ကို နာကျည်းပီးနေလိုက်ပါ ဒါမှကျွန်တော့
လုပ်ရပ်အတွက် စိတ်သက်သာရမယ်မို့လား " ဟု
တီးတိုးရေရွတ်ရင် သက်ပြင်းရှည်တစ်ချက်မှုတ်
ထုတ်ကာ အတိတ်ဆီသို့အတွေးတစ်စလွှင့်စင်သွား
သည်။

လှောင်အိမ်Where stories live. Discover now