လက်ထဲမှာအသင့်ဝယ်လာတဲ့ မက်ဂျူဗူးတေရယ် အာလူး
ကြော် ရေညှိအမြည်းစုံကိုဆွဲလျက် ဟန်မြစ်ဘေးထိုင်လို့
ကောင်မည့်နေရာရှာလိုက်သည် ၊ မှာထားတဲ့ ကြက်ကြော်မ
ရောက်လာသေးတာမို့ မက်ဂျူဗူးကိုတော့မဖောက်သေးဘဲ
ရောက်တက်ရာရာ စကားပြောနေကြသည် .."Hyung ., သိလား ကျွန်တော် Hyung နဲ့မှဟန်မြစ်ဘေးရဲ့ ညအလှကိုထိုင်ကြည့်ဖူးတာပဲ ပီးတော့ ဒီမက်ဂျူ ဘဝမှာ
အိမ်ပြင်မှာထွက်သောက်ရတဲ့ ဒုတိယမြောက်နေ့ပေါ့ ""ဒါဆို အဲ့ဒီကျန်ခဲ့တဲ့မင်းရဲ့ ငယ်ရွယ်ချိန်တေမှာ ဘာတေလုပ်နေခဲ့လို့ လဲ "
" အွန်း:; အသက် ၁၈ နှစ်ထိကတော့ အသက်မပြည့်သေးတဲ့
အရွယ်မို့ အိမ်နဲ့ကျောင်း အချိန်ကုန်သွားခဲ့တယ်နဲ့တူတယ်
အသက်၂၀ ပြည့်တဲ့အချိန်ကတော့ ကျွန်တော့ဘဝကအတော်လေး ဇောက်ထိုးမိုးမျှော်ဖြစ်နေခဲ့ပီမ်ို့ ပျော်ရွှင်မှုတေရှာ
ဖို့မေ့နေခဲ့ပီ "သူ့အကြောင်းသူပြောပြနေရင်း အရည်လဲ့လာတဲ့မျက်လုံးဝိုင်းဝိုင်းလေးတေကို ကျွန်တော်ငေးကြည့်နေမိသည် ဘယ်လောက်တောင်ပင်ပန်းနေခဲ့လို့ အဲ့ဒီသိပ်လှတဲ့မျက်ဝန်းဝ်ိုင်းဝိုင်းလေးတေထဲမှာ အပြုံးလှလှတေကွယ်ပျောက်နေခဲ့ရတာလဲ ကလေးရယ် ..
"Jung Kook ., ခုတို့တေမြင်နေရတဲ့ ကောင်းကင်ကြီးဘယ်
လောက်ထိကျယ်မယ်လို့ မင်းထင်လဲ ""ဟင်.. မပြောတက်ဘူးပဲ တစ်ခါမှတွေးမကြည့်မိဘူး "
"Hyung နဲ့တစ်ခါလောက် အဲ့ဒီကောင်ကင်ကြီးဘယ်လောက်ကျယ်လဲ ပျံသန်းကြည့်ကြမလား မင်းမှာသိပ်လှတဲ့
အတော်ပံတေရှိသားပဲ ပျံသန်းကြည့်ဖို့မေ့နေတယ်ထင်တယ် "
Jung Kook ပြုံးသည် သူတစ်ခါမှအဲ့ဒီလိုမတွေးခဲ့ဘူး Hyung ပြောသလိုသူပျံသန်းကြည့်ဖို့မေ့နေခဲ့တာ ဘဝမှာ
တစ်ကြိမ်လောက်တော့ Hyung နဲ့အတူကောင်းကင်ကြီး
ဘယ်လောက်ကျယ်ကြောင်းပျံသန်းကြည့်လိုက်ချင်ပါသေး
တယ်" Hyung .., ဒီည ကျွန်တော် Hyung နဲ့ဒီမှာအတူတူထိုင်သောက်ပေးရင် ဆန္ဒတစ်ခုဖြည့်ပေးမယ်ပြောတယ်မို့လား
အဲ့ဒီဆန္ဒကို ခုပြောလို့ရမလား "