Ep -13

16 0 0
                                    

အချိန်တေတရွေ့ရွေ့ကုန်လာလိုက်တာ ကျွန်တော့
အသက် ၁၅နှစ်တောင်ပြည့်တော့မယ် Park အိမ်ရဲ့
စောက်ရှောက်မှုအောက်မှာ ကျွန်တော်အတော်လေး
နေသားတကျဖြစ်လာခဲ့ပါပီ Jimin Hyung ကိုလဲအ
ထူးတလည် ပတ်ရှောင်နေစရာမလိုတော့သလို အိမ်
မကြီးဘက်ကိုလဲ ဝင်ထွက်ခွင့်ရခဲ့ပါသည် ပြောင်းလဲ
သွားတာဆိုလို့ အရင်ကတော့အဖေနဲ့နှစ်ယောက်နေ
ခဲ့တဲ့အခန်းလေးက ခုတော့ကျွန်တော်တစ်ယောက်
ထဲဖြစ်လို့နေပါသည်။ လွန်ခဲ့သော ၃ နှစ်ထဲကအဖေ
ကနောက်အိမ်ထောင်ပြု၍ Park အိမ်ကနေပြောင်းပီးနေခဲ့ပါသည် ၊ ကျွန်တော့ကိုပါ တစ်ပါထဲခေါ်ခဲ့ပေ
မယ့် ဥက္ကဋ္ဌကြီးနဲ့ ဒေါ်လေးတို့ Jiimin Hyung တို့က
ကျွန်တော့ကိုတော့ ထားခဲ့ဖို့မှာလိုက်တာမို့ကျွန်တော်
ပဲ Park အိမ်မှာနေကျန်ခဲ့ပါသည် ။

15.7.2016 မိုးလေးဖွဲဖွဲကျနေသည် အေးနေတာမို့ထ
မင်းတောင် ထမစားဖြစ်ပဲ စောင်ထဲမှာသာကွေးနေ
သည် ခဏအကြာမှာတော့

" Jung Kook ရေ Jung Kook " အခန်းရှေ့မှ အဒေါ်
ကြီးရဲ့အော်သံကြောင့် သူတံခါးထဖွင့်ပေးရင်း

" ဟုတ် အဒေါ်ကြီး ဘာလို့လဲဟင် "
"အော် သခင်လေး Jimin က အိမ်မကြီးမှာသူနဲ့ထမင်းလာစားပါတဲ့ ဝက်သားကင်တေအဒေါ်ကြီးအ
များကြီးလုပ်ထားတာမို့ မင်းကိုပါခေါ်လာခဲ့ဆိုလို့ "
ဟုပြောလာသောကြောင့် Jung Kook ခေါင်းညိမ့်ပြ
ရင်း ထီးဆွဲယူကာ အိမ်မကြီးဘက်သို့ထွက်လာခဲ့
သည် ခုချိန်ထိ Park အိမ်ဟာ အရာအားလုံးပုံမှန်
လည်ပတ်ပီး အေးချမ်းနေဆဲပါ ဖွဲဖွဲလေးရွာနေတဲ့
မိုးသားတေဟာ မုန်းတိုင်းအဖြစ်ပြောင်းလဲသွားဖို့
မိနစ်ပိုင်းသာလိုတော့တာကိုတော့ ဘယ်သူမှ မရိပ်
မိခဲ့ကြပါ ။

" Hyung .. ကျွန်တော်ရောက်ပီ "
"အင်း လာ ထိုင် ဝက်သားကင်တေများနေတာမို့အ
ခေါ်လွှတ်လိုက်တာ "
"အဒေါ်ကြီး ထမင်းတစ်စုံပြင်လိုက်ပါ " ဟုပြောရင်း
သူ့ဘေးကခုံကို အသာဆွဲပေးလိုက်တာမို့ ကျွန်တော်
အဆင်သင့် ဝင်ထိုင်လိုက်သည် ၊ တူတစ်စုံကိုကိုင်ပီး
ဝက်သားကင် တစ်ဖက်ကိုပါးစပ်ထဲအရင်ထည့်လိုက်သည် ပီးသည်နှင့်အဒေါ်ကြီးချပေးလာတဲ့ထမင်း
ပန်ကန်လုံးကို ကောက်ကိုင်ပီး ၂/၃ လုတ်စားလိုက်
ပီး ဟင်းရည်ကိုသောက်လိုက်သည် ၊ Jimin Hyung
တစ်ယောက်ကတော့ ဝက်သားကင်လေးတစ်ဖက်
ဝါးနေတာတင် အတော်ကြာနေပီ ဘာမှသိပ်မစားပဲ
ဝက်သားကင်တေဒီလောက်များကြီးဘာလုပ်ဖို့လဲ
ဟုတွေးရင်း တစ်ဖက်ပီးတစ်ဖက်ပါးစပ်ထဲပစ်သွင်း
လိုက်သည် သူမှမစားရင်ကုန်မှာမဟုတ်ဘူးလေ

" အပြင်မှာမိုးတေရွာနေတာ ဒီရာသီဥတုနဲ့ဆို ခေါက်
ဆွဲပြုတ်စားသင့်တယ်မဟုတ်ဘူးလား ဝက်သားကင် နဲ့ perfect ပဲ ဘယ်လိုလဲ Jung Kook ?"  ဟုHyung မေးလာသည်ကိုတန်းမဖြေနိုင် ပါးစပ်ထဲ
ဝက်သားဖက်တေနဲ့ပြည့်နေသောကြောင့် အမြန်မျို
ချပီး အဖြေပေးလိုက်သည်

" ကျန်တော်ကတော့ တော်ပီ Hyung ထမင်းနဲ့ဝက်
သားနဲ့တင်အဆင်ပြေနေပီး နောက်ထပ်ထမင်းတစ်
လုံးလောက်ထပ်ယူအုံးမှာမို့လေ " ဟုဆိုကာ ပြုံးပြ
လိုက်ပီး ထမင်းထခူးလိုက်သည် ။

" အဒေါ်ကြီး ကျွန်တော့ကို ခေါက်ဆွဲလေးပြုတ်ပေး
ပါ ., ပီးတော့ Jung Kook အတွက် အအေးဖျော်ပေး
လိုက်ပါ ရေလဲချပေးပါ ဒီတိုင်းဆက်စားနေရင် သူ
နင်ပီး သေတော့မယ်မို့လား " ဟုတ်တယ်လေပါးစပ်
ထဲကို ဆက်တိုက်ဝက်သားဖက်တေပစ်သွင်းနေတဲ့
အသားကြိုက်တဲ့ ယုန်ပေါက်ဖြစ်နေပီမို့လား မကြာ
ခင်အစာနင်တော့မှာ ကြိုမြင်နေပီမို့ မှာလိုက်ရခြင်းပါ ။ ဒီအချိန်ထိ Jimin ရော Jung Kook ရောအပူပင်ကင်းစွာ နေ့လည်စာကိုစားနေကြသည် Jimin ဘဝ
ထဲ မုန်တိုင်းတေဝင်လာတော့မှာကိုတော့ မတွေးမိခဲ့
ကြပါ ........,

လှောင်အိမ်Where stories live. Discover now