Ep-23

13 0 0
                                    

Jung Kook သူ့အကြံနဲ့သူပါ တမင်ကျောင်းမသွားပဲ Park
Jiimin ရုံးသွားချိန်ကိုစောင့်နေဖို့လုပ်နေတာ ခုတော့ကံက
သူ့ဘက်ပါသလားမသိ မနက်စောထဲကထွက်သွားပီ အဒေါ်
ကြီးကို ပထုတ်နိုင်ရင်ရပီ ဒါကလဲ သူကြံပီးသား ဒါကြောင့်
မနက်အစောထဲက ရေခဲသေတ္တာထဲမရှိတဲ့စာရင်းသွားလုပ်လာပီးသားပဲ

" အဒေါ်ကြီး ကျွန်တော့ကို အမဲသားကင်ပေးပါ "
"ရှင် အယ် အမဲသားမဝယ်ထားရသေးဘူးပဲ သခင်လေး
Jung Kook တခြားဟာဆိုရင်ရောဟင် "

"အာာ အမဲသားစားချင်တာဗျာ အမဲသား သွားဝယ်လိုက်ပါ
လား အဒေါ်ကြီးရာ ပီးတော့ သခွားမွှေးသီးလဲ ဝယ်ခဲ့ပေး
အင်း... နေအုံး ဆူရှိ ဆူရှီလဲစားချင်တာမို့ ဆူရှီကလေ ဟိုမြို့
ထဲဘက် လမ်းဆုံနားကဆိုင်ကပဲစားချင်တာ အဲ့ကသွားဝယ်
ပေး မြန်မြန်သွားပါ အဒေါ်ကြီးရာ ကျွန်တော်ဗိုက်ဆာလို့
သေတော့မှာပဲ "

တမင်မရှိတဲ့အစားစာတေနဲ့ ဝေးတဲ့နေရာကိုညွှန်လိုက်ခြင်းပါ ဒါမှသူ့ရဲ့စီမံကိန်းစလို့ရမယ်မို့လား အဒေါ်ကြီးထွက်သွားသည်နှင့် Jung Kook တစ်ယောက် စာကြည့်ခန်းထဲ
ဝင်ကာ အထဲမှ Lock ချထားလိုက်သည် ၊ ဒီအခန်းတနေနေ
ရာမှာတော့ အဖေနဲ့ပတ်သတ်တဲ့ တစ်ခုခုရှိနေနိုင်ဖို့မျှော်လင့်
ကာ စာကြည့်စားပွဲ စာအုပ်စဉ်တို့ကို မွှေနှောက်ရှာလိုက်သည်

" ဟင် .. ကျန်တဲ့အံဆွဲတေသော့မခတ်ထားဘဲ ဘာလို့ဒီအံ
ဆွဲပဲသော့ခတ်ထားတာလဲ ?"
Jung Kook တစ်ယောက်ထဲရေရွတ်ရင်း သော့ရှိနိုင်မယ့်နေရာတေကိုရှာကြည့်လိုက်သည် တွေ့ပီ သော့တေထည့်ထား
တဲ့ ပုံးတစ်ခုသော့ကများနေသည်မို့ တစ်ချောင်းပီးတစ်
ချောင်းဖွင့်ကြည့်နေရင်း ..
"ဟောာ..ရပီ ဟင် .." Jung Kook အံစွဲထဲမှာမြင်လိုက်ရတာ
က သွေးစအနည်းငယ်စွန်းထင်းနေတဲ့ စာချုပ်တစ်စောင်
ရယ် ဒဏ္ဍာရီလို့ထင်ရတဲ့စာအုပ်တစ်အုပ်ရယ် စာချုပ်ကို
ကောက်ကိုင်ဖတ်လိုက်သည် မျက်လုံးများပြူးသွားရုံသာမ
က လူပါဒီနေရာကနေလွင့်စင်သွားသလိုခံစားချက်အဖေလုပ်ရက်လေခြင်း.. ထိုစဉ် Jimin နဲ့ အိန်တော်ထိန်းနမ်တို့ပြန်ရောက်လာကြသည်

" ဦးလေး Jung Kook အခြေနေတစ်ချက်သွားကြည့်ပေးပါ
ကျွန်တော်သွားလဲစကားပြောမှာမဟုတ်ဘူး ကျွန်တော်စာ
ကြည့်ခန်းမှာရှိမယ် "

လှောင်အိမ်Where stories live. Discover now