Ep -10

17 0 0
                                    

" ဦးလေး ကျွန်တော်အေးအေးဆေးဆေး တောင်းဆိုနေတာမို့ ဒီတိုင်းခွင့်ပြုပေးလိုက်လို့မရဘူးလား"
"မဟုတ်ဘူး သခင်လေး ဒါမဖြစ်နိုင်ဘူးဆိုတာသခင်
လေးရော ကျွန်တော်ရောကောင်းကောင်းသိနေတာပဲမို့လား ဒါကဖြစ်သင့်တဲ့အရာမဟုတ်ဘူးလေ "
ဧည့်ခန်းထဲတွင် လူနှစ်ဦးအခြေတင်စကားများနေကြသည်

" မဖြစ်နိုင်တာတေ ဖြစ်နိုင်တာတေအထိကျွန်တော်
လိုက်စဉ်းစားနေမှာမဟုတ်လို့ ဦးလေးက ဒီအတိုင်း
ပဲ ကျွန်တော်တောင်းဆိုတာကို လက်ခံပီး ထွက်သွား
ပေးရုံပဲ ကျွန်တော်ဦးလေးတို့ မိသားစုတစ်ဘဝလုံး
စာ တာဝန်ယူပေးမှာမို့ ဒီတိုင်း ကျွန်တော့ရဲ့အဝေးဆုံးကိုထွက်သွားပေး Jung Kook , Jung Kook ကိုပဲ
ထားခဲ့လိုက်ရင်ရပီ ဒါလေးပဲလုပ်ပေးရမှာကို ဦးလေးဘာတေ စိုးရိမ်နေတာလဲဟမ် "

" Jung Kook , သူမကြိုက်တဲ့ကိစ္စကို ဦးလေးမလုပ်
ချင်တာပါ သခင်လေး ကလေးကခုမှ အသက် ၁၈
နှစ်ပဲရှိသေးတာမို့ သူလက်ခံနိုင်မဟုတ်လို့ပါ "
Jimin တစ်ယောက်အလွန်စိတ်ရှုပ်လာသည် သူပြောနေတာ ရှင်းရှင်းလေးမို့လား Jung Kook ကိုသူနဲ့ထားခဲ့ပီး နေရာကောင်းတစ်နေရာမှာ အေးအေးဆေးဆေးမပူမပန်နေရမှာကို ဘာတေဒီလောက်ထိ
ညှိနှိုင်းလို့မရတာလဲ သူစဉ်းစားမရပါ

" ကျွန်တော် စကားနဲ့ပြောလို့မရရင် ရတဲ့နည်းနဲ့လုပ်
ရမှာမို့ ကျွန်တော့ဒီထက်လူဆိုးဖြစ်အောင်မလုပ်ပါနဲ့
လား ဦးလေး ဟမ် Jung Kook ကိုကျွန်တော် ခေါ်
လာခဲ့တာမဟုတ်ဘူး ဦးလေးကိုယ်တိုင် ကျွန်တော့
အိမ်မှာ ပေးနေဖို့ဦးလေးပဲတောင်းဆိုခဲ့တာမဟုတ်
ဘူးလား ဟမ် ခုလဲ ဒီတိုင်းဆက်ထားလိုက်ရုံပဲကို
ဘာကဘယ်လောက်တောင် အရေးကြီးသွားတာလဲ
ဟမ် ပြောပါအုံး "

Jimin စိတ်မရှည်တော့ပါ ဟုတ်ပါသည် သူ့ဘာသာ တည်ငြိမ်နေတဲ့ဘဝထဲ သူတို့တေပဲ ခယဝတ်တွားပီး ဝင်လာခဲ့ကြတာမို့လား အဲ့အချိန်ကလဲ သူအလိုမတူခဲ့တာကို သူတို့ပဲတောင်းပန်ခယခဲ့ကြတာမဟုတ်ဘူးလား ခုရော ခုဒီကလေးငယ်မရှ်ိရင် သူအသက်ဆက်
ရှင်နိုင်မယ့် အကြောင်းရင်းမရှိတာမို့ ဒီကလေးကိုပဲ
ထားခဲ့ပေးဖို့ တောင်းဆိုနေတာကို သူတို့မလိုက်နာနိုင်ကြဘူးတဲ့လား

လှောင်အိမ်Where stories live. Discover now