Jung Kook အတွေးတေကိုလက်စသတ်ကာ ရေချိုးပီးကျောင်းသွားရန်ပြင်ဆင်လိုက်သည် မီးဖိုချောင်၌ အဒေါ်ကြီးပြင်ဆင်ပေးထားသည့် မနက်စာက်ိုစားပီး ကျောင်းသွားရန် ထွက်လာခဲ့သည် အဆင်သင့်စက်နှိုးထား
သောကားကိုမြင်သည်နှင့် သူစီးနေကျအနက်ရောင်ကားမ
ဟုတ်နေ သူ့ကားတစ်ခုခုဖြစ်နေလို့ ဦးလေးနမ် ဒီကားကိုစက်နှိုးထားသည်ဟုထင်ကာ ကားပေါ်သို့တက်ရန်ပြင်လိုက်
စဉ်" အရှေ့က တက် ဒီနေ့ ဦးလေးနမ်ကိုခိုင်းထားတာရှိလို့
Hyung လိုက်ပို့မယ် ""မလ်ိုဘူး Taxi စီးသွားမယ် " ဟုJung Kookဆိုကာ လှည့်ထွက် ဖို့အပြင်
" မင်း ဒီကားပေါ်မတက်လာရင် ကျောင်းသွားဖို့လဲစိတ်မ
ကူးနဲ့ Jung Kook စကားကောင်းပြောနေတုန်း မြန်မြန်တက်
ကလေးလိုရစ်မနေစမ်းနဲ့ " မထူးတော့ သူ Taxi လဲစီးခွင့်မရှိ
တာမို့ ကားပေါ်သာစူအောင့်ပီးတက်လိုက်သည် စကားမပြောချင်သောကြောင့် အိပ်မပျော်ပေမယ့် မျက်စိကိုဇွတ်မှိတ်ကာ ကျောင်းရောက်တာကိုတောင် မသိ" အဟမ်း:; Jung Kook ကျောင်းရောက်ပီ "
Park Jiminပြောမှ မျက်လုံးဖွင့်ကာ ကားပေါ်မှဆင်းလိုက်သည် တစ်ဖက်ကကားတံခါးလဲပွင့်လာကာ Park Jimin ပါကားပေါ်မှလိုက်ဆင်းလာသည် ၊ ဘာလဲ ဘာလုပ်မလို့လဲ
"ညနေလဲ Hyung ပဲလာကြိုမှာမို့ ဘယ်မှထွက်ပြေးဖို့စိတ်မ
ကူးနဲ့ ညနေဆေးရုံသွားမယ် လိုက်ခဲ့ Ok ? Hyung သွားပီ "ဟုဆိုကာ ကားကိုဖြေးဖြေးချင်းမောင်းထွက်သွားသည် ၊ ပတ်ဝန်းကျင်ရဲ့အကြည့်တေကလဲ အားကျသလို လှောင်
ရယ်နေသလို တိုးတိုးတိတိနဲ့သူ့ကိုပဲ အာရုံလာနေကြသည်
တော်ပီ မြန်မြန်အခန်းထဲသွားတာပဲကောင်းတယ် Jung Kook စာသင်ခန်းရှိရာသို့သာ သွက်သွက်လျှောက်လာခဲ့သည် အခန်းထဲဘယ်သူမှမရှိနေသေးသောကြောင့်စိတ်သက်
သာရာပိုရသွားသည် အေးအေးဆေးဆေး ခုံပေါ်မှောက်အိပ်
နေလိုက်သည် ဘယ်လောက်ကြာသွားသည်မသိ အခန်းထဲလူတေတောင်စုံလာနေပီ .."Jung Kook . Jung Kook "
"ဟမ် .. ဟမ်.. ဗျာ Taehyung Hyung ရောက်ပီလား "
"အင်း အိမ်မှာမအိပ်ရဘူးလား နေမကောင်းတာလား "
ဟုဆိုကာ သူ့နဖူးပေါ်သို့ကျရောက်လာသည့် လက်တစ်စုံ
နွေးထွေးလိုက်တာ သူဖမ်းဆုတ်ဆွဲကာထားလိုက်ချင်မိသည် ၊
YOU ARE READING
လှောင်အိမ်
Fanfictionအတောင်ပံတေကျိုးကြေသွားပါစေ အဝေးဆုံးထိပျံ သန်းကြည့်လိုက်ပါ ကလေးငယ်