Vancouver မှာ ဆောင်းဦးမိုးရွာသွန်းနေပါတယ်ဆိုတဲ့ သတင်းကိုနားထောင်ပြီး ဒိုယောင်းမျက်စိက စားပွဲခုံပေါ်တင်ထားတဲ့ ဓာတ်ပုံငယ်လေးဆီ အလိုလိုရောက်သွားမိသည်။
ဓာတ်ပုံထဲမှာတော့ ခြောက်နှစ်အရွယ်ကောင်လေးသုံးယောက်က တစ်ယောက်ကိုတစ်ယောက်ဖက်ထားကြရင်း အပူအပင်ကင်းစွာပြုံးပျော်လို့နေသည်။
အခုဆို နှစ်ယောက်လုံးကိုရီးယားကနေထွက်သွားတာ ဆယ့်နှစ်ကျော်သွားပေမယ့် ဒိုယောင်းကတော့အမှတ်တရတွေထဲမှာ ပိတ်မိနေဆဲပင်။
အတူတူသွားဖူးတဲ့နေရာ အတူတူစားဖူးတဲ့အစားအစာ အတူတူလုပ်ခဲ့ဖူးတဲ့အရာတွေတွေ့မိတိုင်း သတိရမိနေတုန်းပင်။" ဒိုယောင်းဂီဟျောင်း "
လူထက်အသံကအရင်ရောက်လာတဲ့ဒုံဟျော့ကြောင့် ဒိုယောင်းဓာတ်ပုံကနေအကြည့်လွှဲလိုက်ရင်း အခန်းတံခါးရှိရာဘက်ကိုလှည့်ကြည့်လိုက်သည်။
" အွန်း ဒုံဟျော့ကီ "
" မေမေ ကျွန်တော့ဆီဖုန်းဆက်နေတယ်ရော ဟျောင်းကိုဆက်တာမကိုင်လို့တဲ့ "
ဒုံဟျော့စကားကြောင့် စားပွဲပေါ်တင်ထားတဲ့ဖုန်းကိုလှမ်းယူကာ ဖွင့်ကြည့်မိတော့ မာမီ့ဖုန်းသုံးခါတောင်ေခါ်ထားတာတွေ့လိုက်ရသည်။
" ဟျောင်းအသံပိတ်ထားမိတာ ပြန်ဆက်လိုက်မယ် "
" အိုခေ "
ဒုံဟျော့အောက်ထပ်ပြန်ဆင်းသွားမှ ဒိုယောင်းမာမီ့ဆီဖုန်းပြန်ဆက်လိုက်သည်။
" ဟဲလို မာမီ "
" ဒိုယောင်းဂီ အလုပ်များနေတာလား "
" မဟုတ်ပါဘူး ဖုန်းအသံပိတ်ထားမိတာ ဘာကိစ္စရှိလို့လဲ မာမီ "
" လာမယ့် တနင်္ဂနွေနေ့ နေ့လယ်၁၂နာရီလောက် မာမီ့ဧည့်သည်တစ်ယောက်ကို လေဆိပ်မှာသွားကြိုပေးလို့ရမလားမေးချင်လို့ "
" အဆင်ပြေရင် ဒုံဟျော့ကိုသွားကြိုခိုင်းလိုက်ပါလား မာမီ ကျွန်တော်အဲ့နေ့ဂျူတီဝင်ရမှာမို့လို့
" သားပဲသွားကြိုပေးပါသားရယ် အရေးကြီးတဲ့ဧည့်သည်မို့လို့ပါ မဟုတ်ရင်မာမီကိုယ်တိုင်သွားကြိုမှာ မာမီဒီဘက်မှာအစည်းအဝေးရှိနေလို့ "

YOU ARE READING
Hopeless Romantic
أدب الهواةJust live your life or be my wife Just what you wanna be