ဂျယ်မင်း တို့ စားပြီး အပြင်ကို လျှောက်လည်ကြတယ်။
"မင်းတို့ ကလည်း မြန်မြန်လာပါ"
"လာပါပြီး ယွန်း မမောသေးဘူးလား ဟင်"
"မမောပါဘူး"
"အား ခနလေး"
ရုတ်တရတ် ဂျောင်ဂုကအော်လိုက်တာကြောင့် ဂျယ်မင်းရော ယွန်းဂီ ရော လန့်သွားကြတယ်။
"ဘာ ဖြစ်တာလဲ ယျောင့်"
"ငါ သန့်စင်ခန်း သွားမလို့"
"အတာကို ဘာလို့ အော်နေတာလဲသွား ငါနဲ့ ယွန်းဂီ ဟို ထိုင်ခုံတန်းမှာ စောင့်နေမယ်"
ဂျောင်ဂုလည်း ခေါင်းငြိမ့် ကာ ကိစ္စရှင်းဖို့ သန့်စင်ခန်းဆီပေးရတော့တယ်။
ဂျယ်မင်းနဲ့ ယွန်းဂီဟာ ခုံတန်းမှာ ထိုင်နေတယ်။
*ငါ ပြောလိုက်ရင်ကောင်းမလား ပြောလိုက်တော့မယ်*
သက်ပြင်းကိုဖြေးဖြေးချင်းချကာ
"ယွန်းဂီ ငါပြောစရာရှိတယ်"
"ဟမ် ငါလည်းမင်းကိုပြောစရာရှိတယ်"
"ဟုတ်လား အဆို ယွန်းအရင်ပြောလေ"
"ရလား "
"အင်း"
"အဆိုငါပြောမယ် နော်စိတ်မဆိုးရဘူးနော်"
ခေါင်းလေးကိုငုံကာပြောနေသူကြောင့် ဂျယ်မင်းမှာ နည်းနည်း မျက်မှောက်ကြုတ်မိတယ်။
"ငါနဲ့ ဂျောင်ဂုလေ ဟိုဟာ ဟိုဟာ "
"မင်းနဲ့ ဂျောင်ဂုဘာလဲ"
*ငါထင်သလိုမဟုတ်ဘူးမလား ယွန်း အတာကိုမပြောပါနဲ့*
"ဂျောင်ဂုနဲ့ငါ ရည်းစားတွေ ဖြစ်သွားပြီး"
ဂျယ်မင်းရဲ့ မျက်နှာဟာ ခုနနဲ့ မတူဘဲ အနည်းနည်းငယ် ပျက်သွားတယ်။ချက်ချင်းပြင်ကာ
"ဘယ် ဘယ်တုန်းကလဲ"
"ဒီေနပဲ ငါအိမ်မှာသူဖွင့်ပြောတာ"
"အော် ယွန်းက ချက်ချင်း အဖြေပြန်ပေးလိုက်တယ်ပေါ့"
ရှက်ပြုံးလေးပြုံးကာ ခေါင်းလေးတာငြိမ့်ပြသူကြောင့် ဂျယ်မင်းရဲ့အသည်းတွေဟာ နာကျင်ရတယ်။