ဂျောင်ဂုတစ်ယောက် အိမ်ပြန်ရောက်တော့သူထင်တဲ့ အတိုင်းပင် သူအမျိုးသားလေးက စိတ်ကောက်နေလေရဲ့ ဧည့်ခန်း ထဲမှာ tv ထိုင်ကြည့်ပြီး သူကို တစ်ချက်ပဲလှည့်ကာ သူtv ကို ပြန်ကြည့်နေလေရဲ့။
*ကဲ ဂျွန်ဂျောင်ဂုရေ ချော့ပေတော့ဟေ့*
ဂျောင်ဂုလည်း ယွန်းဂီ နားထိုင်လိုက်ပြီး ဖက်မယ်အလုပ်။ယွန်းဂီက ဘိုဘက်တိုးပြီးထိုင်လိုက်တယ်။သူနဲ့ ေဂျာင်ဂုရဲ့ အလယ်မှာလည်း ခေါင်းအုံး ထားလိုက်တယ်။
"ယွန်းရေ မောင်ကိုကြည့်ပါအုန်းလို့"
လှည့်မကြည့်
"ယွန်း ယွန်းရေ ယွန်း"
"........"
"ယွန်း မောင်ခေါ်နေတယ်လေ"
အနည်းငယ် ဒေါသ ထွက်နေတဲ့ အသံဖြင့် ပြောလိုက်တဲ့ ဂျောင်ဂု
"မောင် ပါးစပ်နဲ့မောင်ခေါ်တာလေ ယွန်းက ဘာလုပ်ရမှာလဲ။ခေါ်တာ ယွန်း ပါးစပ်မှ မဟုတ်တာ"
ဂျောင်ဂုတစ်ယောက် ထွက်နေတဲ့ ဒေါသတောင် ပြန်ဝင်သွားတယ်။
"ခေါ်တာမောင်ပါးစပ်ဟုတ်ပေမယ် နာမည်က ယွန်း နာမည်လေလို့"
"အဲ့တော့ "
"ယွန်းကလည်း ကွာ မောင်တောင်းပန်ပါတယ်နော်။စိတ်မဆိုးနဲ့တော့နော်၊ယွန်း ဘယ်သွားခိင်လဲ မောင်လိုက်ပို့မယ်"
"တကယ်လား မောင်"
"တကယ်ပေါ့ အခုတော့မဟုတ်ဘူး၊မနက် မှ ပို့ပေးမယ်။"
"အဲ့တာကြောင့်မောင်ကို ချစ်တာ အားဘွား"
ဒီလိုနဲ့ ဂျောင်ဂုရဲ့ ချော့ခြင်းပြီးဆုံးသွားပါတယ်။နှစ်ယောက်သား ရေမိုးချိုး ထမင်းစားပြီးယွန်းဂီက ရုပ်ရှင်ကြည့်ပြီး ဂျောင်ဂုကတော့ laptopနဲ့ အလုပ်လုပ်ကာ ည ၉:၀၀မှာ အိပ်ယာဝင်ကြတယ်။
~~
မနက်ရောက်တော့ ကုတင်ပေါ်မှာ တစ်ယောက်ကို တစ်ယောက်ဖက်ကာ အိပ်နေတဲ့ လင်လင်နှစ်ယောက်။သာယာနေတဲ့ အချိန်ကို ဖျက်ဆီးတဲ့ ဖုန်းသံထွက်ပေါ်လာပါတယ်။
"တီ တီ တီ"
ဖုန်းသံကြောင့် ဂျောင်ဂုတစ်ယောက်နိုးလာတယ် ယွန်းဂီကတော့ တအင်းအင်းလုပ်ကာ ဂျောင်ဂုရင်ခွင်ထဲဝင်ပြီး ပြန်အိပ်သွားလေရဲ့။ဂျောင်ဂုက တက်တူး တွေနဲ့ ပြည့်နေတဲ့ လူလက်နဲ့ ယွန်းဂီကို ဖက်ကာ ကျန်လက်ကတော့ ဖုန်းကိုယူလိုက်တယ်။