ယွန်းဂီတို့လည်း စားသောက်ပြီး ဂေဟာကို ထွက်လာလိုက်တယ်။ဟိုဆော့ကတော့ ဆိုရာ လိုအပ်တာတွေ ပြောပြပြီး ပြန်လာလိုက်တာ်။တစ်လမ်းလုံးလဲ ခေါင်းထဲမှာ V အကြောင်းပဲ တွေးရင်းပေါ့။
*ဟွန့် ဘယ်လိုလူမယ် မသိဘူး။ အဖြေတောင်းတာကိုက ဟွန့်၊ငါကရော သူကို ချစ်လား။*
ဟိုဆော့ တစ်ယောက်ခေါင်းကို အတင်းခါကာ
*အားးး မသိတေ့ဘူး*
>>>>>
<<<<<ယွန်းဂီတို့ နှစ်ယောက် ဂေဟာ ရောက်ထဲက ဂေဟာမှူးနဲ့ စကားပြောနေကျတယ်။ကလေးကိုတော့ အပြင်မှာ တစ်ခြားကလေးတွေနဲ့ထားခဲ့တယ်။နှုတ်ဆက်ရအောင်။ဂေဟာ ရောက်မှ ကလေးနာမည်ကိုသိလိုက်ရတယ်။ဆောယောင်း တဲ့ ကလေးနာမည်က ကလေးကို ဂေဟာရှေ့လာထားထဲက ပါလာတာမို့ သူတို့ကလည်း အဲ့နာမည်ပဲပေးထားလိုက်ကြတာလို့သိရတယ်။
ယွန်းဂီတို့လည်း ဂေဟာမှူးနဲ့ စကားပြောပြီးကြပြီး၊ဂေဟာအတွက် အလှူငွေ ထည့်ပြီး သားသားကို ခေါ်ကာ ပြန်လာလိုက်ကြတယ်။ကားပေါ်ရောက်တော့ ယွန်းဂီက
"မောင်သားသားကို နာမည်ပြောင်းရင်ကောင်းမလား ဟင်"
"ဘာလို့လဲ ယွန်းရဲ့"
"ဘာလို့ အခု သားသား နာမည်က သားသားရဲ့ မိဘ အရင်းတွေပေးထားတာလေ တစ်ချိန်က သုတို့ပြန်လာရှာဪင် ဘယ်လိုလုပ်မလဲ၊ယွန်းသိပါတယ် ယွန်း တစ်ကိုယ်ကောက်းဆန်နေမယ် ဒါပေမယိ့ ဟင့် သားသား သားသားကို ပြန်ဟင့် မပေးချင်ဘူး ဟင့် အီးဟီး"
ပြောရင်း ပြောရင်း ထငိုတဲ့ ယွန်းဂီကြောင့် ဂျောင်ဂုမှာ ကားကို ဘေးကပ်ပြီး ရပ်ကာ ချော့ရတော့တယ်။
"ယွန်းရယ် မငိုနဲ့နော် မောင်တို့တွေ သားသားနာမည်ကိုပြောင်းကြမယ်နော် တိတ်တိတ် ယွန်းက တစ်ကိုယ်ကောင်းမဆန်ပါဘူး ဟုတ်ပြီးလား"
"သားသား ဒါပေမယ့် သားသားက ဟင့် သူမိဘ ဟင့် အရင်းတွေနောက် လိုက်သွားရင်ရော ဟင့် ဟင့် ဘယ်လို လုပ်မလဲ"
"မလိုက်ပါဘူး သားသားကလည်း ယွန်းကို အရမ်းချစ်တာလေ။လိုက်မှာ မဟုတ်ပါဘူး ဟုတ်ပြီးလား"