၄:၀၀
ယွန်းဂီတစ်ယောက် ဂျောင်ဂုကို စောင့်နေတယ်။သူကိုယ်သူလည်း သေသေချာချာ ပြင်ဆင်ထားမယ်။သူအရမ်းကို စိတ်လှုပ်ရှားနေတယ်။ခြေတွေ၊ လက်တွေလည်း တုန်နေတယ် ဘာလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။စိတ်လှုပ်ရှားလွန်းလို့ ရေတွေကြီးပဲ သောက်နေမိတယ်။
"တီတောင် တီတောင်"
*မောင် လာပြီးလား*
ယွန်းလည်း တံခါးကိုသွားဖွင့်လိုက်တယ်။အမှန်လည်း ဂျောင်ဂုပါ အရမ်းချောတယ် မောင်က
အနက်ရောင်ဂျာကင်ကို အဖြူရောင် တီရှပ်နဲ့ တွဲဝတ်ထားတယ်။အနက်ရောင် ဘောင်းဘီနဲ့သေချာစဉ်စားကြည့်မှ မောင်က အခုနောက်ပိုင်း အနက်ရောင်ကို တော်တော်ကြိုက်လာတယ်။အဝတ်လည်းများတယ်ဒါပါလေ။သူကတော့ အပြာရောင်ဆွယ်တာ အနက်ရောင် ဘောင်းဘီနဲ့ အဲ့ဒါကလည်း မောင်ပဲပြင်ပေးတာ ဟွန့်သူကျ လန်းအောင်ဝတ်ထားပြီးတော့။
"ယွန်းရေ မောင်အပြင်မှာစောင့်နေမယ်နော် ၊တံခါးကိုသေချာပိတိပြီးလိုက်လာခဲ့"
"ဟုတ်။မောင်"
ယွန်းတစ်ယောက် တံခါး ကို သေသေချာချာပိတိပြီး အပြင်ကိုထွက်လာလိုက်တယ်။အပြင်ရောက်တော့ ဂျောင်ဂုဟာ ဆိုယ်ကယ်ကို မှီကာ ဖုန်းကြည့်နေတယ်။ဖုန်းကိုကြည့်ပြီးပြုံးနေတာကြောင့် ယွန်းဂီတယ်ယောက် ဂျေလေးဝင်မိတယ်။
*ငါရောက်နေတာတောင် မသိရအောင် သူအဲ့ဖုန်းထဲက ဘာကိုကြည့်ပြုံးနေရတာလဲ ဟွန့်*
"မောင့် "
"အား ယွန်း ရယ် လန့်လိုက်တာ ဘာလို့အော်တာလဲ ဟင်"
"ဘာမှမဟုတ်ဘူး"
သူကို လက်ပိုက်ကာ မျက်စောင်းလေး ထိုးနေသူကြောင့် သူသဘောပေါက်သွားတယ်။တကယ်ကလေးလေး။
"ကဲ ကိုယ်ကို စိတ်မဆိုးပါနဲ့တော့ ကွာ၊ ကိုယ်က သူငယ်ချင်းနဲ့ စကားပြောနေတာပါကွ"
"ဟွန့် ဘယ်သူကရော မေးနေလို့လဲ"
"ဟား ဟား ဟား"
သယကိုကြည့်ကာ အသံကျယ်ကြီး ရီနေတာကြောင့်၊ယွန်းဂီ အမြန်ပဲ ပါးစပ် လှမ်းပိတ်လိုက်ရတယ်။