"ယွန်းဂီ"
"ဂျင် hyung"
"မီးယား hyung နည်းနည်းနောက်ကျသွားတယ် ယွန်းဂီ"
"ရပါတယ် hyung ရဲ့ လာထိုင်ဒီမှာ"
ဂျောင်ဂုတစ်ယောက်ရဲ့ မျက်နှာပျက်သွားတယ်။သူထိုင်နေတဲ့ နေရာကို ဂျင်ကို ထိုင်ခိုင်းနေတာကို
"မောင် ထလေ လို့၊ဂျင် hyung ကိုထိုင်ခိုင်းမလို့"
"ဘာလို့လဲ မောင်ထိုင်နေတယ်လေ"
"ယွန်းဂီ ရတယ်၊မထချင်တဲ့လူကို မထခိုင်းပါနဲ့ hyung ဟိုမှာထိုင်လိုက်မယ်"
"ဟုတ် hyung "
ယွန်းဂီ ဂျောင်ဂုကို မျက်စောင်းလေး ထိုးလိုက်တယ်။
"ဟွန့်"
"တိုင်ဆိုင်လိုက်တာ ဒီမှာတွေ့မယ်လို့ မထင်ဘူးနော် ဂျင် နီ လေး"
ဂျင်ထိုင်လိုက်တာနဲ့ ဘေးကလူက သူနား နားကို ကပ်ပြီးပြောနေတာကြောင့် ဒေါသထွက်မိတယ်။ပြန်ပြောမယ် လုပ်တုန်း သူနာမည်ကို တစ်လုံးချင်းခေါ်လိုက်တဲ့ ရင်နှိးတဲ့အသံကြောင့် ကြည့်လ်ုက်တော့။
"ခင်..ခင်များ က ဒီမှာ ဘာလုပ်နေတာ"
ဂျင်က ထိုင်နေရာက ထပြီး ပြောလိုက်တယ်။ထိုင်နေတဲ့ ယွန်းဂီတို့လညးလန့်သွားပြီး ဂျင်ကို ကြောင်ကြည့်နေကျတယ်။
"ဘာလဲ ဒါက ကိုယ်သူငယ်ချင်းတွေလေ ဘာဖြစ်လို့လဲ ဂျင်နီလေး"
နမ်ဂျွန်းတစ်ယောက် ယွန်းဂီလို့ ခေါ်တဲ့ အသံလေးက ရင်နှိးပါတယ်လို့ထင်နေတာ။အနားရောက်လာမှ တကယ် သူထင်နေတဲ့ သူဖြစ်နေတယ်။
*ဖုန်းထဲမှာပြောတဲါမင်သွားေတွ့မဲ့သူငယ်ချင်းက ယွန်းဂီလား ဟက် ကောင်းသား မိတ်ဆက်ပေးရတာပေါ့*
<<Flash back>>
ဂျောင်ဂု ယွန်းဂီရဲ့ခေါင်းကို သေသေချာချာခြောက်အောင်သုတ်ပေးနေတယ်။
"မောင် နမ်ဂျွန်းhyung တို့ကို ခေါ်ပြီးပြီးလား"
"မောင်ခုနလေးတင်ဖုန်းခေါ်လိုက်ပြီး"
"ဟုတ်လား။မောင် ယွန်းရဲ့ အသိတစ်ယောက်သော ခေါ်လို့ရလားဟင်"