"ဟို ဒီက အစ်ကိုက ကင်ဆော့ဂျင်လားဗျာ"
နမ်ဂျွန်းက သူကို လာမေးတဲ့ ကောင်လေးကြောင့် အနည်းငယ်ကြောင်နေတယ်။ကောင်လေးဆိုပေမယ့် သူနဲ့ အနည်းငယ်လောက်ပဲ ငယ်မှာပါ။
"ကင်ဆော့ဂျင်က ကျွန်တော်ပါ"
ဂျင်က သူကိုယ်သူ လက်ညှိုးထိုးကာ ပြောလိုက်တယ်။
"အာ"
"ကျွန်တော်ရှာ ဘာကိစ္စ အာ မဟုတ်ဘူး ဒီက ဘယ်သူလဲဗျာ"
"ဟုတ်သား ကိုယ်ကို ကို မိတ်ဆက်ဖို့မေ့သွားတယ်"
ဆိုကာ လက်တစ်ဖက်ကို ဂျင်ရှေ့ထုတ်ကာ
"ကျွန်တော်က ရှောင်းကျန့်ပါ၊ရှောင်း company ရဲ့ CEO ပါ။"
"CEO ရှောင်း ကျွန်တော်က ကင်နမ်ဂျွန်းပါဗျာ"
"အာ CEO နမ်ဂျွန်း"
"ဟုတ်ပါတယ် ထိုင်ပါဗျာ"
"ဟုတ်ကဲ့ ကျေးဇူးပါ"
ရှောင်းကျန့်လည်း ဝင်ထိုင်လိုက်တယ်။
ဆော့ဂျင်ရဲ့ စိတ်ထဲမှာတော့*ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့ ရည်းစားနာမည်မလား။အားး ဒီကောင်က မခေဘူးပဲ။Company ပိုင်ရှင် တစ်ယောက်ကို အောက်ထပ်ရအောင်ပို့နိုင်တယ်ဟ၊*
ဂျင်ကသာ အတွေးထဲမှာ နစ်မျှော နေတာ ကျန်နှစ်ယောက်ကတော့ စကားပြောလို့ကောင်းနေကြတယ်။ဘာပဲဖြစ်ဖြစ် လက်တွဲ လုပ်မဲ့ company တွေမို့ အခြင်းခြင်း ရင်းနှီးထားတော့ကောင်းပါတယ်။
"CEO ရှောင်းက ကျွန်တော် အမျိုးသားကို ဘာလို့ ရှာတာလဲဗျာ"
"အော် မေးစရာရှိလို့ပါ။ရလား ဂျင်။ဟို ကျွန်တော်နဲ့ ရွယ်တူပဲမလား၊မောင်...အဟမ်း ဝမ်လေးက ပြောပြထားလို့ပါ။"
"ဟုတ် မေးစရာရှိတာ ဘာများလဲဗျာ"
"ဟိုဟာ ခုနက CEO နမ်ဂျွန်းက ဂျင်ကို ဘယ်လိုခေါ်လိုက်တာလဲ"
"ကျွန်တော်တို့က လက်ထပ်ထားတာပါ"
နမ်ဂျွန်းက ဝင်ပြောတယ်။
"အော်။"
လို့ပြောကာ ခန ငြိမ်သွားတဲ့ရှေင်းကျန့် ပြီးမှ သက်ပျင်းဖြေးဖြေး ချကာ