"မင်း မဟုတ်မှလွဲရော ဂျီမင်လား"
ဂျောင်ဂုလည်း ဂျိမင်းဆိုတဲ့ နာမည်ကြောင့် ယွန်းဂီဖုန်းပြောနေတဲ့ ကုတင်ခြေရင်းကို ထလာလိုက်တယ်။
"အော် မှတ်မိသေးတာပဲ၊မမှတ်မိတော့ဘူးတောင်ထင်နေတာ"
"တကယ် မင်းလား၊နေရောကောင်းရဲ့လား ငါတို့ကို အဆက်သွယ်တောင် မလုပ်ဘူး။အန်တီတို့ရော နေကောင်းရဲ့လား"
ဂျီမင်သွားပြီး နှစ်ပတ်အကြာမှာ ဂျီမင် မိဘတွေက ဂျီမင်ရှိလိုက်သွားတာကြောင့် ယွန်းဂီမေးလိုက်ခြင်းဖြစ်သည်။
"ကောင်းပါတယ်။ငါရော အမေတို့ရောကောင်းပါတယ်။မင်းတို့ရော"
"ကောင်းတာပေါ့ ငါ့ကောင်ရ"
"ဘယ်သူလဲ"
ဂျီမင် တစ်ယောက် ဂျောင်ဂုမယ် သိသိကြီး မေးလိုက်ခြင်းဖြစ်သည်။ဒါရဲ့ အဆိုးစက်ကတော့
"ရားးးး ခွေးကောင် မင်းအဖေငါကွ ဂျွန်ဂျောင်ဂုကွ"
"ဂျွန် ဂျောင် ဂု ရှီးလ်"
ဂျောင်ဂုဆဲသံ အဆုံး ဂျီမင်းကရီနေပေမယ့်။ယွန်းဂီကတော့ ဂေိာင်ဂုကိုကြည့်ကာ နာမည်ကို တစ်လုံးလြင်းစီခေါ်လိုက်တယ်။
"ဟဲဟဲ ယွန်း ကိုယ် မဆဲပါဘူး"
"ဟွန့်"
"ယျောင့် မင်းပြောစရာရှိသေးလား၊မရှိတော့ရင် ငါဖုန်းချပြီး"
"ဟ နေပါအုနါး စကားတောင်မပြောရသေးဘူး။"
"ပြောချင်ရင်နောက်မှ ပြောကွ။ဒီမှာ အရေးကြီးတယ်ကွ။ဒီနေ့က~~~"
"အင်းးး"
"ငါနဲ့ ယွန်းရဲ့ မင်္ဂလာဦးညကွ "
"ဟမ် ဟမ် ဘာရယ် ဘာကြီး ဘာပြောလိုက်တာ"
"ဟုတ်တယ် ကွ အဲ့တာကြောင့် ထုန်းချတော့"
"ဟား အေးပါ ချပါ့မယ်ကွာ မချခင် ယွန်းဂီရော "
"ငါဘေးမှာ"
"စပီကာ ဖွင့်လိုက်"
"Ok"
ဂျောင်ဂုလည်း ဖုန်းကို နားမှ ခွာကာ စပီကာဖွင့်လိုက်တယ်။