အပိုင်း ၄

3.7K 310 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၄ - အိမ်ထောင်ရေးတွေ့ဆုံပွဲ ၂

ချင်ကော မတ်တပ်ထရပ်ပြီး ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။  "ဖေးဖေး ပင်ပန်းနေပြီ။  နေ့ခင်းတစ်ရေးအိပ်ဖို့ သူ့ကိုပြန်ခေါ်သွားလိုက်မယ်"

"မင်းဘယ်သွားမလို့လဲ။  ငါတို့ ဒီမှာစကားပြောလို့ မပြီးသေးဘူးလေ!"  မစ္စစ် ချင် ဒေါသတကြီးပြောလိုက်သည်။

"မဟုတ်ဘူး၊ ကျွန်တော်တို့ပြောလို့ ပြီးပြီ။" သူက ဝူထုန် ကို လက်ဟန်ပြလိုက်သည်။  "ကျွန်တော် သူမနဲ့လိုက်ဖက်တယ်"

"ကျွန်မလား?"  ဝူထုန်က သူမကိုယ်သူမ အံ့ဩစွာဖြင့် ညွှန်ပြခဲ့သည်။

ဝူမိသားစုနှင့် ချင်မိသားစုတို့လည်း ထိတ်လန့်သွားကြသည်။  စားပွဲစွန်းမှာထိုင်နေတဲ့ ကောင်မလေးက ဘာကိစ္စရှိလို့လဲ။

မစ္စ ချင်က သူမ၏ မူးဝေခြင်းမှ ပြန်လည် သက်သာလာချိန်တွင် ချင်ကောကို မည်သည့်နေရာမှာမှ မတွေ့ရတော့ပေ။  "ချင်ကော ဘယ်ရောက်သွားတာလဲ" သူမ မေးလိုက်သည်။

“သူသွားလိုက်ပြီ” ချင်ဟွိုက်က ပြန်ဖြေလိုက်သည်။

“…” မစ္စစ် ချင်၏ အဆုံးမဲ့ သည်းခံမှုက သူမသားကြီး၏ လုပ်ရပ်ကြောင့် ချက်ချင်းပင် မောပန်းသွားခဲ့သည်။

"မစ္စစ် ချင်။ ဒါက ဘာကိုဆိုလိုတာလဲ"  မစ္စစ်ဝူက မည်းမှောင်သော အမူအရာဖြင့် မေးခဲ့သည်။

မစ္စစ် ချင် အလျင်အမြန်ရှင်းပြလိုက်သည်။ “မစ္စစ်  ဝူ၊ နားလည်မှုလွဲသွားတာဖြစ်မယ်။ချင်ကောက သူမကို ရှင့်ရဲ့ အဖိုးတန်သမီးလေးလို့ အထင်မှားနေတာဖြစ်မှာပါ ..…”

"ဒါဆို ကျွန်မတို့ အခု ဘာလုပ်မှာလဲ"

“အင်း…”မစ္စစ် ချင် ဘာပြန်ပြောရမှန်းမသိပေ။ သူ့အမေကို ချည်နှောင်ထားတာကိုမြင်တော့ ချင်ဟွိုက် ဝင်လာခဲ့သည်။

"ဥက္ကဌ ဝူ" လို့ သူ ခေါ်လိုက်သည်။ “ဒါကိုဒီနေ့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီက အဲ့တာကို တခြားဌာနတွေနဲ့ အရင်ပြန်ဆွေးနွေးလိုက်ပါ့မယ်”

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now