အပိုင်း ၃၃

2.5K 242 2
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃၃

ထိုအချိန်တွင် သူ့ရင်ဘတ်ပေါ်က အမာရွတ်တွေကို ထိနေခဲ့မိသည်ကို သူမ သတိပြုမိသွားခဲ့သည်။  ဝူထုန်က မီးလောင်ခံထားရသလိုပဲ သူမရဲ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်တယ်။

ဝူထုန်က ဘာမှမဖြစ်သလို ပြုမူဖို့လုပ်ခဲ့သည်။ ချင်ကောကတော့ ခေါင်းခါလိုက်ပြီး ရေလွှာလျှောစီးဖို့ ခေါင်း လှည့်လိုက်သည်။ ရေလွှာလျှောစီးဘုတ်ကို ငှားပြီးနောက် သူသည် ၎င်းကို ပခုံးပေါ်ထမ်းကာ သမုဒ္ဒရာထဲသို့ အေးအေးလူလူ မဆင်းမီ အော်ဟစ်နေကြသော မိန်းကလေးအုပ်စုဆီကနေ ကျော်ဖြတ်သွားခဲ့သည်။

ဝူထုန့် မျက်လုံးတွေက ချင်ကောဆီ အချိန်အတော်ကြာအောင် မလိုက်နိုင်ခဲ့ပေ။ ဘာလို့လဲဆိုတော့ ပင်လယ်လှိုင်းလုံးများကြားတွင် သူ့ပုံစံ ကလျင်မြန်စွာ ပျောက်ကွယ်သွားသောကြောင့်ဖြစ်သည်။  ဒါပေမယ့် ဝူထုန် က ချင်ကော ရင်ဘတ်ပေါ်က အမာရွတ်တွေရဲ့ ပုံရိပ်ကို သူမစိတ်ထဲ ဖုံးထား မရနိုင်ခဲ့ပေ။  ဝူထုန်သည် အမာရွတ်များကို တစေ့တစောင်းမျှသာ မြင်နိုင်ခဲ့သော်လည်း အဲ့တာက သေနတ်ဒဏ်ရာမှ ဖြစ်ပုံရသော အမာရွတ် ၄၊ ၅ ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။

ဤသည်မှာ ဝူထုန့်အနေနဲ့ သူမခင်ပွန်းက အမှန်တကယ် စစ်သားဖြစ်ခဲ့သည်ကို ပထမဆုံးအကြိမ် သိလိုက်ရခြင်းပင်။  မိမိနိုင်ငံနှင့် ဆွေမျိုးသားချင်းများကို ကာကွယ်ရန် မိမိအသက်ကို ကြိုးတန်းပေါ်တင်ခဲ့တဲ့သူ။

သူမအဲဒီမှာရပ်နေစဉ် နေက ဝူထုန်အပေါ်ကို ကျရောက်နေသည်။  မိနစ် ၂၀ နီးပါးမတ်တပ်ရပ်ပြီးနောက် ခေါင်းကိုက်လာခဲ့သည်။  အနီးနားက outdoor ကဖေး ဆိုင်ကို မတွေ့ခင် ပတ်ပတ်လည်ကို လျှောက်ကြည့်ခဲ့သည်။  သူမက ချင်ကော ရှပ်အင်္ကျီကိုကိုင်ကာ ကဖေးဆိုင်ဆီ ဦးတည်သွားခဲ့သည်။

Outdoor ကဖေးမှာ စားသုံးသူတွေနဲ့ စည်ကားနေသည်။  ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများဖြင့် ရေကူးဝတ်စုံဝတ်ထားသည့် နိုင်ငံခြားသူအလှလေးက ဝူထုန်ဘေး စားပွဲမှာ ထိုင်နေပြီး ပုံကြမ်းရေးဆွဲနေသည်။  သိချင်စိတ်ကြောင့် ဝူထုန် အနီးကပ်ကြည့်ရန် ငုံ့ကြည့်လိုက်သည်။  စာရွက်ဖြူလေးပေါ်တွင် ရေးလှိုင်းစီးဘုတ်ကို ထမ်းကာ ပင်လယ်ဆီ လျှောက်လှမ်းနေသော ကိုယ်လုံးကိုယ်ပေါက် အလွန်ကောင်းမွန်သော အမျိုးသားတစ်ဦး၏ ပုံကြမ်းကို တွေ့လိုက်ရသည်။  နိုင်ငံခြားသူအလှလေး ပုံဆွဲရာတွင် မယုံနိုင်လောက်အောင် ကောင်းမွန်ပြီး ပုံကြမ်းက ပြင်းထန်မှုနှင့် ထိန်းမနိုင်သိမ်းမရဖြစ်မှုတို့ကို ဖြစ်ပေါ်စေသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now