အပိုင်း ၂၄

2.7K 262 3
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂၄

ချင်ကောက ဝူထုန်ထွက်သွားတဲ့လမ်းကို လှမ်းကြည့်ခဲ့သည်။  သူမချန်ထားခဲ့တဲ့ blackကတ်ကို ကောက်ကိုင်လိုက်ပြီး သူအနည်းငယ် ကြောင်အနေခဲ့သည်။  တစ်ခုခုမှားနေတယ်ဆိုပေမဲ့ ဘာလဲဆိုတာ အတိအကျမသိတာကြောင့် သူ့ဘေးနားမှာ အံ့သြလွန်း၍ စကားမပြောနိုင်ဖြစ်ကာ ရပ်နေတဲ့ အရောင်းဝန်ထမ်းကို မေးခဲ့သည်။  “သူမဘာလို့ စိတ်ဆိုးသွားတာလဲ”

အရောင်းဝန်ထမ်းက တုန်လှုပ်စွာဖြင့် တည်ငြိမ်စွာ ခေါင်းယမ်းခြင်းမပြုမီ သူမခေါင်းထဲ တစ်နှစ်စာဒရာမာကို မြင်ယောင်လာခဲ့သည်။  "ကျွန်မလည်းသေချာမသိဘူး"

ဝူထုန်က ပရိဘောဂကုန်တိုက်က လမ်းလျှောက်ထွက်လာပြီး ဝင်ပေါက်က ပန်းခန်းတွေရှိတဲ့ပန်းခြံရဲ့ မြေညီတဲ့နေရာ နံဘေးတွင် ရပ်လိုက်သည်။  နေရောင်ခြည်က သူမအပေါ်ဖြာကျနေတာကို ရုတ်တရက် ခံစားလိုက်ရသည်။

'ဝူထုန် နင် နုံအလွန်းတယ်။ နင်က သူ့မိန်းမလို့ ထင်နေပေမယ့် သူကတော့ နင့်ကိုဘယ်လိုတွက်ထားတာလဲ '  ဝူထုန် မိမိကိုယ်ကို လှောင်ပြောင်သည့်ပုံစံဖြင့် ကျယ်လောင်စွာ မေးလိုက်သည်။  “ဘဝင်မြင့်နေတဲ့ သိုက်တူးသမား။ ဒါ​ပေမယ့်​ ဒါအမှန်​ မဟုတ်​ဘူးလား။  နောက်ဆုံးတော့ နင်သူ့ကို ဒေါ်လာ သန်း ၅၀၀ နဲ့ နင့်ကိုယ်နင် ရောင်းခဲ့တာလေ "

*ဒူ......*

ဝူထုန့် ဖုန်းကမြည်လာပြီး အိတ်ထဲမှထုတ်လိုက်သည်။  သူမကို ခေါ်တဲ့သူက သူမရဲ့ ဒုတိယဦးလေး။  ဝူထုန် မျက်လုံးများကိုမှေးကျဥ်းထားသော်လည်း ဘယ်လိုပဲဖြစ်ဖြစ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။

"ဝူထုန် မင်း အခု အလုပ်ရှုပ်နေလား"  ဝူထုန့် ဒုတိယဦးလေးက မေးခဲ့သည်။

“ကျွန်မ အလုပ်မရှုပ်ပါဘူး။  တစ်ခုခုရှိလို့လား"  လို့ဝူထုန် မေးလိုက်သည်။

"မစ္စစ်ချင် ငါ့ဆီ အခုပဲ ဖုန်းဆက်လာတယ်။ တနင်္ဂနွေကျရင် မင်းနဲ့အကြီးဆုံးသခင်လေးရဲ့ လက်ထပ်ပွဲကို ဂုဏ်ပြုဖို့ ညစာစားရအောင်လို့ ပြောတယ်” ဒုတိယဦးလေးဖြစ်သူက ပြန်ပြောခဲ့သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now