အပိုင်း ၁၆

2.6K 239 0
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၁၆

"သူ ဘာပြောလိုက်တာလဲ။ သူတကယ်ပဲ မင်္ဂလာပွဲ မကျင်းပဘူးလား"  မစ္စစ် ချင်က သူမနားကို မယုံနိုင်သေးပေ။  "ဝူထုန်က တကယ်ရော သဘောတူရဲ့လား။ ဒါမဖြစ်ဘူး။ ကျွန်မသူ့ဆီဖုန်းဆက်ပြီးမေးလိုက်မယ်"

"မင်း ဘာလို့ငြိမ်ငြိမ်မနေတာလဲ။ အခြေအနေတွေကို ပိုဆိုးအောင် သွားမလုပ်နဲ့”  မစ္စတာ ချင်က ပြောလိုက်သည်။

"ရှင် ဘာပြောလိုက်တာလဲ ချင်တုန်းမင်" မစ္စစ်ချင်က အတော့်ကို စိတ်မကောင်းဖြစ်မိပြီး မစ္စတာချင်ရဲ့ နာမည်အပြည့်အစုံကို လှမ်းအော်လိုက်သည်။

"ချင်ကောက မင်္ဂလာပွဲကို ဘယ်တုန်းကမှ မကျင်းပချင်ခဲ့ဘူး။ ပြီးတော့ ဝူထုန်လည်း အခမ်းအနားမကျင်းပဖို့ သဘောတူပြီးသား။  မင်းဘာလို့ဒီလောက် မရမကလုပ်နေတာလဲ"  မစ္စတာ ချင်က မေးလိုက်သည်။

"ဘာလို့လဲ။ ကျွန်မတို့ သားအကြောင်း လူတိုင်းပြောနေကြတာကို ရှင်မကြားဘူးလား။ ကျွန်မတို့သားက ရူးနှမ်းပြီး သူ့ 'ဇနီးကိုအနှိပ်စက်' မှာလို့ ပြောနေကြတယ်လေ။ သူတို့တွေက ကျွန်မတို့က ချင်ကောကို ကန်ထုတ်ပြီး ချင်ဟွိုက်ကို ထိန်းကျောင်းဖို့ကြိုးစားမှုတွေ အားလုံးကို သုံးစွဲနေကြတယ်လို့လည်း ပြောနေကြတယ်။ ဒီကောလဟာလတွေ မမှန်ဘူးဆိုတာ လူတိုင်းကိုပြဖို့ မင်္ဂလာပွဲ မကျင်းပဘူးဆိုရင် ကောလဟာလတွေကို တိတ်တဆိတ် သက်သေပြလိုက်တာနဲ့ အတူတူပဲ မဟုတ်လား" မစ္စစ်ချင်က ထိုကောလာဟလတွေကို တွေးလေလေ ပိုဒေါသဖြစ်လာလေလေပဲ။

"ငါတို့ သားနဲ့ချွေးမ ကောင်းကောင်းမွန်မွန်နေကြတာထက် ကောလဟာလတွေက ပိုအရေးကြီးလား"  မစ္စတာ ချင်က မေးလိုက်သည်။  "ချင်ကောက ဘယ်လောက်တောင် ထွက်သွားချင်လဲဆိုတာ မင်းလည်းသိပြီးသားပဲ။ သူလက်ထပ်ဖို့ သဘောတူလာဖို့ကတောင် တော်တော်ခက်ခဲနေပြီ။ အခု သူ့ကို ဂရုစိုက်ဖို့ တစ်စုံတစ်ယောက်ရှိနေပြီမို့ နှောင့်ယှက်တာမျိုးကို ရပ်လိုက်တော့ "

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Donde viven las historias. Descúbrelo ahora