Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၆၃
အောင်မြင်တဲ့ လုပ်ငန်းတိုင်းတွင် တူညီသည့် လက္ခဏာများ ရှိသည်။ အဲ့တာက အလွန်ခိုင်မာသော အကောင်အထည်ဖော်မှု ဖြစ်သည်။ ရှန်းရှီမင်က တရုတ်နိုင်ငံ ပြန်ရောက်ပြီး တစ်ပတ် မပြည့်သေးခင်မှာ ပြည်တွင်းဌာနခွဲတွေရဲ့ ဖြန့်ကျက်မှုက ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမယ့် ဌာနခွဲတာဝန်ခံက ပြင်ဆင်ထားတဲ့စာရွက်စာတမ်းတွေနဲ့အတူ ဝူ စီးပွားရေးလုပ်ငန်းရဲ့ ဥက္ကဌရုံးခန်းထဲ ထိုင်နေပြီဖြစ်သည်။
ဦးလေး ဝူက သူ့လက်ထဲက စာရွက်စာတမ်းတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။ "တကယ်လို့ ကျုပ် မှတ်မိတာကမှန်တယ်ဆိုရင် ခင်များရဲ့ကုမ္ပဏီက အိမ်ခြံမြေမှာ အဓိကထားပြီး လုပ်သင့်တာ၊ ဘာလို့ လက်လီလုပ်ငန်းမှာ ပါဝင်ဖို့ ရုတ်တရက်ကြီး စိတ်ဝင်စားနေရတာလဲ"
"ဘာလို့လဲ ဝူက စာချုပ်ပါ စည်းကမ်းချက်တွေကို အမြဲတမ်း မကျေမနပ်ဖြစ်နေတာလား" MK ကုမ္ပဏီ တာဝန်ခံ လျိုရှန်းမင်က မေးလိုက်သည်။
"ဘယ်ဟုတ်မလဲ" ဒုတိယဦးလေး ဝူက ပြုံးလိုက်ပြီး နောက်ဆုံးမှာတော့ လိုရာအချက်ဆီ တန်းတန်းမတ်မတ်ပြောလိုက်သည်။ “ကျုပ်ရဲ့ ဝူ ရဲ့ လုပ်ငန်းက မကြာသေးခင်ကမှ ကောင်းကောင်းဖွံ့ဖြိုးလာပေမယ့် MK Company က ကိုယ်တိုင်လာရောက်ရင်းနှီးမြှုပ်နှံဖို့အထိ ကျုပ်တို့ ကောင်းကောင်းမလုပ်နိုင်သေးဘူး။ ကျုပ်မှာ ကိုယ်ပိုင်အသိဉာဏ်ရှိပါသေးတယ်။ ဟုတ်ကဲ့"
"မစ္စတာဝူက ရှင်းရှင်းလင်းလင်းပြောပြီးပြီဆိုတော့ တည့်တည့်ပဲပြောကြတာပေါ့" လျိုရှန်းမင်က ရှေ့နေဆီက နောက်ထပ်စာရွက်စာတမ်းယူကာ ဦးလေး ဝူကို လွှဲပေးပြီး "ဒါက နောက်ထပ်ထည့်ထားတဲ့စာပိုဒ်ပါ"
ဒါက ဒုတိယဦးလေးဝူ မျှော်လင့်ထားသလိုပဲ။ သူစာရွက်စာတမ်းကိုယူပြီး ဖွင့်ကြည့်လိုက်သည်။ မိနစ်အနည်းငယ်ကြာအောင်ဖတ်ပြီးနောက် သူ့မျက်နှာက ရုတ်တရက် ရုပ်ဆိုးသွားကာ လျိုရှန်းမင်ကိုကြည့်ပြီး မေးလိုက်သည်။ "ခင်များရဲ့ကုမ္ပဏီက ဘာကိုဆိုလိုတာလဲ"
DU LIEST GERADE
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)
RomantikTitle - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy Crab (暴躁的螃蟹) Myanmar tran - KNK Chapter - 66 Chapters (Completed) 132 chapters Creadit to original author and english translater.