အပိုင်း ၅၆

1.6K 146 2
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၅၆

ဝူထုန်က လျင်မြန်စွာ ပြေးထွက်သွားပြီး သူမအိတ်ထဲက ဖုန်းကိုထုတ်ကာ ဖုန်းခေါ်ဆိုသူ ID ကြည့်ပြီး ချင်ကောက သံသယဖြစ်စွာ မျက်ခုံးပင့်လိုက်သည်။

"အမေ၊ ကျွန်မကို ရှာနေတာလား"  ယောက္ခမဆီက ဖုန်းခေါ်တာ ဒါပထမဆုံးအကြိမ်ပဲ။ ဝူထုန်က အနည်းငယ် စိတ်လှုပ်ရှားနေသေးသည်။

"ဝူထုန်၊ နေကောင်းရဲ့လား"

"ဟုတ်၊ တော်တော်လေး ကောင်းပါတယ်" ထုံးစံအတိုင်း ဝူထုန်က သူမယောက္ခမ သူမကို ဂရုစိုက်ဖို့ဆက်လာတာလို့ မထင်တဲ့အတွက် narcissist*** မဖြစ်ဘဲ သူမဆက်ပြောလိုက်သည်။ "ချင်ကောနဲ့ဖေးဖေးလည်း နေကောင်းကြတယ်။ အမေ ဘာကိစ္စရှိလို့လဲ။ သူတို့နဲ့ ဖုန်းပြောချင်လို့လား"
***လူတို့သည်င်းတို့၏ကိုယ်ပိုင်အရေးပါမှုကို ကျိုးကြောင်းဆီလျော်စွာခံစားနိုင်သော စိတ်ကျန်းမာရေးအခြေအနေတစ်ခုဖြစ်သည် 

"မဟုတ်ဘူး" မေမေ ချင်က ငြင်းခဲ့သည်။  "သမီးမှာအချိန်ရရင် ထမင်းအတူတူလာစားဦး"

"ဟုတ်ကဲ့ "  ဝူထုန် ခေါင်းသာညိတ်လိုက်သည်။

"စကားမစပ် မနက်ဖြန် အားလား"  မေမေချင် ဆက်မေးခဲ့သည်။

"မနက်ဖြန် အားပါတယ်"

"အားတယ်ဆိုရင် အဝတ်စားတွေဝယ်ဖို့ အ​မေနဲ့စျေးဝယ်ထွက်ရအောင်။ အမေ ဈေးဝယ်​မထွက်​ရတာကြာပြီ"  မေမေချင်က ဖိတ်ခေါ်ခဲ့သည်။

"စျေးဝယ်ထွက်မယ်"  ဝူထုန်က ခိုးနားထောင်နေတဲ့ ချင်ကောကို တစ်ချက်ကြည့်လိုက်သည်။ တကယ်တော့ သူမရဲ့ယောက္ခမနဲ့ တစ်ယောက်တည်း ရင်ဆိုင်ရမှာကို စိုးရွံ့နေခဲ့တာ။

ဒါပေမယ့်လည်း ဝူထုန် မငြင်းနိုင်တော့သဖြင့် သူမ သဘောတူခါနီးအချိန်တွင် ချင်ကောက ဖုန်းကို လုယူလိုက်ပြီး ဗိုလ်ကျတဲ့အသံဖြင့် "အမေ၊ ကျွန်တော့်မိန်းမက တစ်ပတ်မှာနှစ်ရက်ပဲ ကျွန်တော့်အတွက်တောင်မလောက်ဘူး။ အဲ့တာတော့ အမေကကျွန်တော့်ဆီကနေ ဓားပြတိုက်နေတုန်း၊ ကျွန်တော်က အခုမှ အိမ်ထောင်ကျခါစလေးပဲရှိသေးတာကို"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now