Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၅၁
လီမင်ရဲ့ အပြုံးမျက်နှာက ချက်ချင်း ပျက်သွားခဲ့သည်။ ဘဝမှာ မအောင်မြင်ခဲ့ဘူးလို့ ခံစားရတယ်။ သူမ ဒီလူကို သုံးနှစ်ကြာ ကြိတ်ချစ်နေခဲ့ရပြီး အလိမ်မပေါ်သွားအောင်နေခဲ့ရသည်။ ဒီနေ့မှာတော့ သူမက သူမရဲ့ အချစ်ကို လူသိရှင်ကြား ဝန်ခံခဲ့ပေမယ့် ဒီလူက သူမဆီကနေ ပုန်းနေခဲ့သည်။ သူမက တကယ်ပဲ ဆိုးနေတာလား။
"လျိုယွမ်၊ နင်ဘာကိုဆိုလိုတာလဲ" တိတ်တိတ်ဆိတ်ဆိတ် မဖောက်ထွက်ရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ သေရလိမ့်မယ်။
"ဘာဖြစ်လို့လဲ "လျိုယွမ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ငါ နင့်ကို နှစ်တွေအကြာကြီး တိတ်တဆိတ်နဲ့ ကြိတ်ချစ်နေခဲ့ရတာ ဒီနေ့တော့ ငါ့ အချစ်ကို လူသိရှင်ကြား ဝန်ခံခဲ့တယ်။ နင် ငါ့ကို ကြိုက်လား" လီမင် အပေါ်စီးကဆက်ဆံကာ မေးလိုက်သည်။
"ငါ...ငါ..." လျိုယွမ် အရင်က ဘယ်မိန်းကလေးတစ်ယောက်မှ သူ့ကိုဝန်ခံတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒါကြောင့် တစ်စုံတစ်ယောက်က ဒီလို ဝန်ခံတာ ဒါပထမဆုံးပဲ၊ သူ ဘယ်လိုဖြေရမှန်း မသိဘူး။
"အဲ့တာလေးကို စဉ်းစားတာဒီလောက်ကြာလား" လီမင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ "ငါ အရမ်းလှနေလို့ နင်စဥ်းစားတာကြာနေတာလား....... နင်ငါ့ကို မကြိုက်ဘူးလား"
"ငါ...ငါ..."
"ကောင်းပြီ၊ နင် ငါ့ကို မကြိုက်ရင်လည်း ကိစ္စမရှိဘူး။ ငါက ဒီခေတ်သစ်ရဲ့မိန်းကလေး တစ်ယောက်မို့ ငါနင့်ကိုလက်မလျှော့ဘူး" လီမင်က "ဒါပေမယ့် ငါ နင့်ကို လိုက်နေတာကြာပြီ။ ဒါကြောင့် ငါ တစ်ခုခုတော့ ပြန်ယူရမှာပေါ့" လီမင်က သူမအိတ်ကို မြေကြီးပေါ် ချလိုက်ပြီး ပဟေဠိဖြစ်နေတဲ့ အမူအရာကြားမှ သူ့ကို နမ်းလိုက်သည်။
နမ်းပြီး လွှတ်လိုက်ပြီးနောက် လီမင်သည် တောင့်တင်းနေပြီဖြစ်သော လူကို လျစ်လျူရှုကာ အိတ်ကို မြေကြီးပေါ်မှ ကောက်ယူလိုက်ပြီး "အိုကေ၊ မနက်ဖြန်ကျရင် ငါတို့က အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဖြစ်နေဦးမှာပဲ"
YOU ARE READING
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)
RomanceTitle - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy Crab (暴躁的螃蟹) Myanmar tran - KNK Chapter - 66 Chapters (Completed) 132 chapters Creadit to original author and english translater.