1

15.9K 430 3
                                    

"သော် CDချပ်တွေ ယူသေးလား"
ဝတီက လေသံမာမာနဲ့ မေးလာတော့ ပုဏ္ဏမီသော် တစ်ယောက်စိတ်အလိုမကျစွာ ပြန်ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်သည်။
"အဲ့တာဆို ဒါတွေက ဘာလို့ ပွ နေရတာလဲ"
ဧည့်ခန်းထဲမှာ ဖုန်းထိုင်သုံးနေတဲ့ သော်မှာ ချက်ချင်းပင် ခြံထဲ ဆင်းသွားလိုက်သည်။
"ဟဲ့ စိုးစိုး ဒါတွေ ပြန်လာရှင်းပေး။ နောက် ငါ့ဟာတွေ ဘယ်သူမှ မကိုင်စေနဲ့"
သော် က သူကြားနေရတဲ့ အသံတွေကို လျစ်လျူရှုကာ နားကြပ်လေးကောက်တပ်လိုက်သည်။

သော် ဆယ်နှစ်သမီး အရွယ်မှာ သော့်မိဘနှစ်ပါးလုံး အလုပ်ကိစ္စ ခရီးထွက်ရင်း ကားမှောက်ဆုံးပါးသွားကြ​ြပီးနောက်ပိုင်း အဖွားကသာလျှင် သော့်ကိုကြည့်ရှု စောင့်ရှောက်ခဲ့တာဖြစ်သည်။

သော်တို့ မိသားစုက ဆွေစဥ်မျိုးဆက် ချမ်းသာကြွယ်ဝတဲ့သူတွေဖြစ်ကြပြီး
အဖိုးဆုံးပြီးနောက်ပိုင်း အဖွားက သားနှစ်ယောက်ကို လုပ်ငန်းတွေ ခွဲဝေဦးစီးစေပြီး သော့်အဖေမရှိတော့တဲ့ နောက်ပိုင်း အဖေ့ညီ ဖြစ်တဲ့ သော့်ဦးလေး ဦးမိုးမြင့်ကသာ လုပ်ငန်းအားလုံးကို ဆက်လက်ဦးဆောင်လာခဲ့သည်။
သော့်ဦးလေးတွင် သမီးနှစ်ယောက်ရှိပြီး မိန်းမဖြစ်သူကတော့ သူ့သမီးတွေငယ်ငယ်ထည်းက ဆုံးပါးသွားတာဖြစ်သည်။

သော်တို့အိမ်တွင် အဖွား ရယ် သော်ရယ် ဦးလေးတို့ သားအဖ သုံးယောက်ရယ် အတူနေထိုင်ကြသည်။
သော့် အမနှစ်ယောက်ဖြစ်တဲ့ မေစန္ဒာမိုးမြင့် နဲ့ မေဝတီမိုးမြင့်တို့နှစ်ယောက်မှာ စန္ဒာက အနေအေးပေမယ့် ဝတီကတော့ သော်နဲ့ လုံးဝမတည့်။ စန္ဒာက သော်နဲ့ ဝတီကြားပြေလည်အောင် အမြဲ ညှိနှိုင်းပေးသူတစ်ယောက်ဖြစ်သည်။
စန္ဒာက သော့်ထက် ၆နှစ်ကြီးပြီး ဝတီကတော့ သော့်ထက် ၄နှစ်ကြီးသည်။
သော် ကိုးတန်းနှစ် ဝတီ ကျောင်းနောက်ဆုံးနှစ်မှာ သော့်ဦးလေး နောက်အိမ်ထောင်ပြုလိုက်ပြီး ဦးလေးမိန်းမနဲ့ သမီးဖြစ်သူပါ သော်တို့နဲ့ အတူနေဖို့ဖြစ်လာခဲ့သည်။
ဦးလေးအိမ်ထောင်ထပ်ပြုသည့်ကိစ္စကို အဖွားက မကန့်ကွက်ခဲ့။ ဦးလေးမိန်းမ အန်တီဖြူဖြူသွယ်ကလည်း အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်သလို သူတို့နှစ်ယောက် ပေါင်းစည်းခြင်းက လုပ်ငန်းတွေပါ ပိုပြီး အောင်မြင်ဖို့ ဖြစ်လာခဲ့သည်။

Lovely Thaw Where stories live. Discover now