ကျောင်းရောက်တော့ လမ်းလျောက်နေရင်း သော်က ခိုင့်လက်လေးကို ကိုင်ထားသည်။ အရင်တုန်းက ခိုင် ခွင့်မပြုခဲ့ပေမယ့် ခုတော့ ခိုင်ကိုယ်တိုင်ပင် သော့်ရဲ့လက်လေးကို ဆုပ်ကိုင်ထားမိသည်။ သူတို့ကို တချို့ကောင်မလေးတွေကတော့ ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။
"သော် ကောင်မလေးတွေနဲ့ ရောရောနှောနှော မနေနဲ့နော်"
မမက သော့်ကို ပွင့်ပွင့်လင်းလင်း သဝန်တိုပြလာသည်။
"သော်က မရောပါဘူး သူတို့က လာရောရင်တော့ မပြောတတ်ဘူးလေ"
"သော်....."
သော်က စလိုက်တော့ မမက သော့်လက်လေးကို တင်းတင်းလေးညစ်ထားပြီး လေသံတိုးတိုးလေးနဲ့ အော်သည်။
"အ ..... မမ သော်လက်နာနေပြီနော်"
"နာပစေ....."
"စတဲ့ဟာကို မမကလည်း...."
သူလွှတ်ပေးလိုက်တော့ သော့်လက်လေးမှာ တကယ်ပဲ ရဲနေရှာသည်။
"ဖွ..... ဖွ...... မမ အားနည်းနည်းပါသွားတယ်"
ခိုင် ကျောင်းထဲမှာ ဆိုတာ ရုတ်တရက်မေ့သွားပြီး သော့်လက်လေးကို ပါးစပ်လေးနဲ့ကပ်ပြီး ဖွ.... ဖွလုပ်ပေးနေမိသည်။
သော်ကတော့ မမကိုသာ ပြုံးပြီးကြည့်နေသည်။နေ့လည် ကန်တင်းထိုင်နေတုန်း မေ့ဆီက ဖုန်းဝင်လာသည်။
"ဟယ်လို အမ ...."
"သော် ညနေကျ အမဆီ ခဏဝင်လာပေးပါလား"
"ဟုတ် အမ သော် ဘာဝယ်ခဲ့ပေးရမလဲ ပြောလေ"
"shampoo ကုန်နေလို့လေ ...."
အမက သော့်ကို အားနာနေပုံရသည်။
"ဟုတ်ပြီ အမမှာချင်တာလေးတွေ စာပို့ထားလိုက်လေ။ သော် ဝယ်လာခဲ့မယ်နော်"
ဖုန်းချသွားတော့ သူ့ကို သေချာကြည့်နေတဲ့ မမကို သော်ပြုံးပြလိုက်သည်။
"ညနေကျ မမပါလိုက်ခဲ့နော်"
"မေ့ဆီကိုလား။ သော့်ဘာသာပဲသွားလိုက်ပါ။ မမ မလိုက်တော့ဘူး....."
"မမကလည်း ခဏလေးပဲကို....."
"ရှင် သူမှာတာတွေ ဝယ်ပေးရအုံးမယ်မလား"
သော်ပြုံးလိုက်မိသည်။
"သူ ခြေထောက်ကောင်းလာတဲ့ထိပါပဲ မမရယ်"
မေနဲ့ပတ်သတ်ပြီး ခိုင် စိတ်ရှုပ်မိသည်။ သူ့မှာ ခိုင်းစရာလူတွေ အများကြီးရှိပါလျှက်နဲ့ သော့်ကိုပဲ အကူညီတောင်းနေတာ ခိုင့်စိတ်ထဲ ဘဝင်မကျ။
အမှန်တိုင်းပြောရရင်တော့ သိပ်လှလွန်းတဲ့ မေ့ဆီ သော်ခဏခဏသွားနေတာ ခိုင် မကြိုက်။ မလုပ်ပေးနဲ့ပြောရအောင်လဲ မေ က ခြေထောက်နာနေသူဖြစ်နေသည်။
သော့်ကို ချစ်ရတာ မမ ရင်မောရပါတယ်သော်ရယ်......
ညနေကျ မမကို အရင်အိမ်ပြန်ပို့ပေးပြီး မေ့ဆီ သော်ထွက်လာလိုက်သည်။ လမ်းမှာ City Mart ထဲဝင်ပြီး အမ မှာတာတွေ ဝယ်လိုက်ပြီး အမအိမ်ကို မြန်မြန်လေး ထွက်လာလိုက်သည်။
"အမ ခြေထောက် သက်သာရဲ့လား"
သော်က ရောက်ရောက်ချင်းပဲ မေးရှာသည်။
"သက်သာပါတယ် နည်းနည်းတောင် ထောက်လို့ရနေပြီ"
ပြောပြောဆိုဆိုနဲ့ ထရပ်ပြလိုက်ကာမှ ခြေထောက်က ပြန်နာလာပြီး လဲကျမလိုဖြစ်သွားတော့ သော် ဖမ်းပြီး ထိန်းထားလိုက်သည်။
"အမရယ် မရသေးပါဘူးဆို တစ်ရက်ပဲရှိသေးတာကို"
သော်ကတော့ စိုးရိမ်တကြီးပြောနေပေမယ့် သော့်ရင်ခွင်ထဲ ရောက်နေတဲ့ မေကတော့ သဘောကျစွာနဲ့ ပြုံးနေတော့သည်။
YOU ARE READING
Lovely Thaw
Romance"သကြားလုံး ငုံထားမှတော့ ချိုမှာပေါ့ သော်ရယ်"" "မဟုတ်ပါဘူး မမ အချစ်တွေကချိုနေတာ"